Thursday, February 13, 2014

"X-Factorတွင် ပြန်လည်ပါဝင်ရန် ငြင်းဆိုလိုက်သည့် နစ်ကိုးလ်ရှာဇင်ဂါ"

Photo: "X-Factorတွင် ပြန်လည်ပါဝင်ရန် ငြင်းဆိုလိုက်သည့် နစ်ကိုးလ်ရှာဇင်ဂါ"

ဗြိတိန် X-Factor အစီအစဉ်တွင် တစ်ကျော့ပြန် ပါဝင်တော့မည် မဟုတ်ဟု နစ်ကိုးလ်ရှာဇင်ဂါက အခိုင်အမာ ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ X-Factor အစီအစဉ်၏ ရာသီသစ်များတွင် ဒိုင်လူကြီး နေရာအတွက် Pussycat Dolls အဖွဲ့ဝင်ဟောင်း အမေရိကန် အဆိုတော်ကို ပြန်လည်ချဉ်းကပ်ရန် ၎င်း၏ အကြံအစည်ကို အစီအစဉ်မှူး ဆိုင်မွန်ကော်ဝဲလ်က မကြာသေးမီကမှ ဖွင့်ဟပြောကြားခဲ့သော်လည်း နစ်ကိုးလ်ဘက်မှ ယင်းအနေအထားကို ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။ နစ်ကိုးလ်က သူမသည် X-Factor၏ ဒိုင်လူကြီး ထိုင်ခုံနေရာတွင် နောက်ထပ်တစ်ကြိမ် ထပ်ရှိနေတော့မည် မဟုတ်ဟု ဆိုင်မွန့်ထံ အတည်ပြုခဲ့သည်။

ITV၏ အရည်အသွေးမြင့် ရွက်ပုန်းသီး အဆိုရှင်လေးများ ဖော်ထုတ်ပေးသည့် အစီအစဉ်အတွက် ပါဝင်ရန် သင့်မသင့် လပေါင်းအတန်ကြာ အချိန်ယူ စဉ်းစားပြီးမှ ယခုလို အသည်းနာနာနှင့် ဆုံးဖြတ်ခဲ့ခြင်းဟု အသက်(၃၅)နှစ်အရွယ် နစ်ကိုးလ်၏ မိတ်ဆွေများက ပြောကြားခဲ့သည်။ သူမနှင့် နီးစပ်သူ တစ်ဦးက "နစ်ကိုးလ်အနေနဲ့ သူ့ရဲ့ ဂီတလုပ်ငန်းတွေကို မနှစ်က တော်တော်လေး ရပ်နားထားရတယ်။ ခုတော့ သူ့ပင်ကိုဘဝအတွက် အလေးအနက် ပြန်ပြီး အာရုံစိုက်ချင်နေပြီ။ ဂီတအတွက်ပဲ ဇောက်ချ အချိန်ပေးထားတာမျိုးပေါ့"ဟု The Sunသို့ မှတ်ချက်ပေးခဲ့သည်။

ယခုသတင်းသည် ဆိုင်မွန့်အတွက်မူ စိတ်ပျက်စရာ ဖြစ်လာခဲ့သည်။ Baby Love အဆိုတော် အနေဖြင့် ၎င်း၏ ကမ်းလှမ်းမှုကို လက်ခံမည်ဟု ဆိုင်မွန်က အလေးအနက် မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ ဆိုင်မွန်က ချယ်ရီကိုးလ်သည်လည်း X-Factor ဒိုင်အဖွဲ့တွင် တစ်ကျော့ပြန် ပါဝင်လာမည်ဟု ပြောဆိုထားသေးသည်။ X-Factor၏ အမေရိကန် အစီအစဉ်ကိုမူ ပြီးခဲ့သည့် သီတင်းပတ်တွင် Foxက ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။ ဒိုင်လူကြီး အဖြစ်ရော၊ ပရိုဂျူဆာ အနေဖြင့်ပါ တာဝန်ယူထားသည့် ဆိုင်မွန်က အမေရိကန် ရုပ်မြင်သံကြား ထုတ်လွှင့်မှု ဈေးကွက်တွင် ပြိုင်ဆိုင်မှု ပြင်းထန်လွန်းခြင်းကြောင့် မိမိတို့ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဟု ဝန်ခံထားသည်။

Aye Chan Mon# Credit To :Planet Myanmar Network > ပြန်လည် မျဝေခြင်း ဖြစ်ပါသည် 
 ဗြိတိန် X-Factor အစီအစဉ်တွင် တစ်ကျော့ပြန် ပါဝင်တော့မည် မဟုတ်ဟု နစ်ကိုးလ်ရှာဇင်ဂါက အခိုင်အမာ ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ X-Factor အစီအစဉ်၏ ရာသီသစ်များတွင် ဒိုင်လူကြီး နေရာအတွက် Pussycat Dolls အဖွဲ့ဝင်ဟောင်း အမေရိကန် အဆိုတော်ကို ပြန်လည်ချဉ်းကပ်ရန် ၎င်း၏ အကြံအစည်ကို အစီအစဉ်မှူး ဆိုင်မွန်ကော်ဝဲလ်က မကြာသေးမီကမှ ဖွင့်ဟပြောကြားခဲ့သော်လည်း နစ်ကိုးလ်ဘက်မှ ယင်းအနေအထားကို ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။ နစ်ကိုးလ်က သူမသည် X-Factor၏ ဒိုင်လူကြီး ထိုင်ခုံနေရာတွင် နောက်ထပ်တစ်ကြိမ် ထပ်ရှိနေတော့မည် မဟုတ်ဟု ဆိုင်မွန့်ထံ အတည်ပြုခဲ့သည်။

ITV၏ အရည်အသွေးမြင့် ရွက်ပုန်းသီး အဆိုရှင်လေးများ ဖော်ထုတ်ပေးသည့်

အစီအစဉ်အတွက် ပါဝင်ရန် သင့်မသင့် လပေါင်းအတန်ကြာ အချိန်ယူ စဉ်းစားပြီးမှ ယခုလို အသည်းနာနာနှင့် ဆုံးဖြတ်ခဲ့ခြင်းဟု အသက်(၃၅)နှစ်အရွယ် နစ်ကိုးလ်၏ မိတ်ဆွေများက ပြောကြားခဲ့သည်။ သူမနှင့် နီးစပ်သူ တစ်ဦးက "နစ်ကိုးလ်အနေနဲ့ သူ့ရဲ့ ဂီတလုပ်ငန်းတွေကို မနှစ်က တော်တော်လေး ရပ်နားထားရတယ်။ ခုတော့ သူ့ပင်ကိုဘဝအတွက် အလေးအနက် ပြန်ပြီး အာရုံစိုက်ချင်နေပြီ။ ဂီတအတွက်ပဲ ဇောက်ချ အချိန်ပေးထားတာမျိုးပေါ့"ဟု The Sunသို့ မှတ်ချက်ပေးခဲ့သည်။

ယခုသတင်းသည် ဆိုင်မွန့်အတွက်မူ စိတ်ပျက်စရာ ဖြစ်လာခဲ့သည်။ Baby Love အဆိုတော် အနေဖြင့် ၎င်း၏ ကမ်းလှမ်းမှုကို လက်ခံမည်ဟု ဆိုင်မွန်က အလေးအနက် မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ ဆိုင်မွန်က ချယ်ရီကိုးလ်သည်လည်း X-Factor ဒိုင်အဖွဲ့တွင် တစ်ကျော့ပြန် ပါဝင်လာမည်ဟု ပြောဆိုထားသေးသည်။ X-Factor၏ အမေရိကန် အစီအစဉ်ကိုမူ ပြီးခဲ့သည့် သီတင်းပတ်တွင် Foxက ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။ ဒိုင်လူကြီး အဖြစ်ရော၊ ပရိုဂျူဆာ အနေဖြင့်ပါ တာဝန်ယူထားသည့် ဆိုင်မွန်က အမေရိကန် ရုပ်မြင်သံကြား ထုတ်လွှင့်မှု ဈေးကွက်တွင် ပြိုင်ဆိုင်မှု ပြင်းထန်လွန်းခြင်းကြောင့် မိမိတို့ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဟု ဝန်ခံထားသည်။
from>>Planet Myanmar Network

No comments:

Post a Comment