Thursday, February 13, 2014

"ဗင်နီဇွဲလားတွင် ကျောင်းသားများ၏ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုပေါ်ပေါက်"

Photo: "ဗင်နီဇွဲလားတွင် ကျောင်းသားများ၏ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုပေါ်ပေါက်"

ဗင်နီဇွဲလား နိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး ရည်ရွယ်ချက်ဖြင့် ကျောင်းသားများ စုရုံးဆန္ဒပြကြရာ ပစ်ခတ်မှုများ ဖြစ်ပွားပြီး အနည်းဆုံးလူ(၂)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ ဗုဒ္ဓဟူးနေ့က မြို့တော်တွင် ကျောင်းသားများနှင့် အစိုးရ လိုလားသူများ ထိပ်တိုက်တွေ့ဆုံပြီး ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက်တွင်မူ သေနတ်ဖြင့် ပစ်ခတ်မှုများ ရှိခဲ့ပြီး အနည်းဆုံး အစိုးရဘက်တော်သား တစ်ဦးနှင့် ကျောင်းသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သတင်းများက ဆိုသည်။

ထို့အပြင် နိုင်ငံတဝှမ်း ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့်လည်း လူ(၂၃)ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ သမ္မတ နီကိုလက်စ် မာဒူရိုအနေဖြင့် နိုင်ငံအတွင်း စီးပွားရေး ကျဆင်းလာမှုနှင့် အကြမ်းဖက်မှုများ မြင့်တက်လာမှုများကြောင့် ပြည်သူလူထု ထောက်ခံမှု ကျဆင်းလာနေသည်။

"ဘယ်သူမှ အရူးလို ရမ်းကားမနေပါနဲ့။ မြှောက်ပေးတိုင်း လျှောက်လုပ်မနေပါနဲ့"ဟု မာဒူရိုက ယခုပဋိပက္ခများနှင့် စပ်လျဉ်းပြီး ပြောကြားခဲ့သည်။ ဗင်နီဇွဲလားတွင် အောင်ပွဲနေ့ဟု သတ်မှတ်ထားပြီး စပိန်တို့၏ ကျူးကျော်မှုကို မြို့လေးတစ်ခုတွင် လူငယ်များက ရွပ်ရွပ်ချွံချွံ ခုခံခဲ့မှု နှစ်(၂၀၀)ပြည့် အခမ်းအနား ကျင်းပမည့် အချိန်နှင့် တိုက်ဆိုင်ပြီး ယခုလို တင်းမာမှုများ မြင့်တက်လာခြင်း ဖြစ်သည်။

မာရူဒိုက ကျောင်းသားများကို မြှောက်ပင့်ဆော်ဩသည့် အတိုက်အခံ ခေါင်းဆောင်များကိုလည်း ပြစ်တင်ခဲ့သေးသည်။ အတိုက်အခံခေါင်းဆောင် ဟင်းနရစ် ကာပရီလက်စ်ကလည်း နိုင်ငံအတွင်း၌ အကြမ်းဖက်မှုအသွင် ဆောင်လာသော လှုပ်ရှားမှုများကို မိမိတို့ ဆန့်ကျင်ကြောင်းနှင့် နှစ်ဖက်စလုံး သွေးအေးအေး ရှိစေလိုကြောင်း သတင်းထောက်များအား ပြောကြားသွားသည်။

Aye Chan Mon# Credit To :Planet Myanmar Network > ပြန်လည် မျဝေခြင်း ဖြစ်ပါသည် 

from>> Planet Myanmar Network

No comments:

Post a Comment