၃၁.၁.၂၀၁၄ရက်နေ့၁၇၀၀ အချိန်မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းအတိုင်း
မြောက်မှတောင်သို့ ယာဉ်မောင်းသန့်ဇင်ဦး(ဘ)ဦးသန်းမြင့်
မှော်ဘီမြို့နယ်နေသူ မောင်းနှင်လာသော ၆က/----ဟိုင်းလတ်မီးခိုးရောင်
(သာယာဝတီ-ရန်ကုန်)ခရီးသည်တင်ယာဉ်သည် အထက(၁)ကျောင်းအနီး အရောက်၌ ယာဘက်နောက်ဘီးပွင့်ပေါက်ပြုတ်ထွက်ကာ တိမ်းမှောက် သွားခဲ့ပါသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် (၂၀)ဦးတွင် ဖူးရောင်၊ ပေါက်ပြဲ၊ ပွန်းပဲ့နာကျင်ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး အင်းစိန်
ဆေးရုံတွင် တွင်း/ပြင်လူနာများအဖြစ် တင်ပို့ကုသခဲ့ရသောကြောင့် ယာဉ်မောင်းသန့်ဇင်ဦးအား မင်္ဂလာဒုံမြို့မရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၄၊
ပုဒ်မ ၃၃၇/၃၃၈/၂၇၉ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
from>> Yangon Police

No comments:
Post a Comment