နေပြည်တော်သပြေကုန်းဈေးအိမ်ခြံ မြေဈေးကွက်သည် ၂၀၁၃ ခုနှစ်နှောင်းပိုင်းတွင် ရွှေကြာပင်ရပ်ကွက်၌ ကျောက်မျက်ဈေးဖွင့်လှစ်ပြီးနော က် အရောင်းအ၀ယ်များတုံ့နှေးလျက်ရှိ သည်ဟု နေပြည်တော်ကောင်စီ နယ်မြေရှိ ၀ါရင့်အိမ်ခြံမြေအကျိုးဆောင်များက ဖေဖော်ဝါရီ ၅ ရက်က တညီတညွတ်တည်း ပြောသည်။
ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ
ဦးထွန်းရီက “အရင်က သပြေကုန်းမှာ ကျောက်မျက်ပွဲနီးရင် အရောင်းအ၀ယ်
သွက်တယ်။ အငှားလည်းသွက်တယ်။ အခုတော့ နည်းသွားတယ်” ဟု ပြောသည်။
သပြေကုန်းဈေးဝန်းကျင်တွင် ယခင်က သိန်း ၂,၀၀၀ ၀န်းကျင်ရှိခဲ့သည့် ပေ ၁၀၀ ပတ်လည် အိမ်ဝိုင်းများ သည် သိန်း ၇၀၀ ၀န်းကျင်အထိ ဈေးနှုန်းကျဆင်းနေသော်လည်း အရောင်းအ၀ယ်ဖြစ်ရန် အခက်အခဲ ဖြစ်နေသည်ဟု ၀ါရင့်အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
၂၀၀၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် နေပြည်တော်သပြေကုန်းဈေး၏အိမ်ခြံမြေဈေးကွက်သည် ၂၀၁၁ ခုနှစ်တွင် ကျောက်မျက်ပြပွဲစတင်ကျင်းပလာသည် နှင့် အရောင်းအ၀ယ်၊ အငှားများအမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုစဉ်က အိမ်ခြံမြေအရောင်းအ၀ယ်မှာ များစွာသွက်လက်ခဲ့သည့်အပြင် ကျောက်မျက်ပွဲကာလ ရက်ပေါင်း ၁၅ ရက်ခန့်ကို သိန်း ၂၀ မှ ၃၀ အထိပေးကာ ငှားရမ်းခဲ့သည့် ကျောက်မျက်ကုန်သည်များလည်း ရှိခဲ့သည် ဟု သပြေကုန်းဈေးပွဲရုံတန်းမှ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။
၎င်းက “အရင်တုန်းကဆို သပြေကုန်းဈေးမှာ ဆောက်လုပ်ရေးကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေက ဒါရိုက် တာကော၊ မန်နေဂျာကော ၀ယ်ကြတယ်။ အခုတော့ အဲလိုမ၀ယ်ကြတော့ဘူး” ဟု ပြောသည်။နေပြည် တော်တွင် မြေကွက်ဝယ်ယူ ရင်းနှီးမြှုပ်နှံသူများမှာ ရန်ကုန်နှင့် မန္တလေးစသောမြို့များက အများဆုံးဖြစ် သော်လည်း ယခုနောက်ပိုင်းတွင်မူ မန္တလေးအပါအ၀င် လားရှိုး၊ မြစ်ကြီးနားစသော မြို့များမှ မြို့သစ်ကို စိတ်ဝင်စားသူများသာ အများဆုံးဖြစ်နေသည်ဟု ၎င်းကပြောသည်။
အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက“ေ ကျာက်မျက်ဈေးက
ရွှေကြာပင်ရပ်ကွက်နဲ့နီးတော့ ရွှေကြာပင်ရပ် ကွက်မှာတော့
အိမ်ခြံမြေအရောင်းအ၀ယ်ဖြစ်တယ်၊ သပြေကုန်းရပ်ကွက်မှာတော့
ကျောက်မျက်ပွဲရှိတဲ့ အချိန်လောက်သာ အိမ်ငှားတွေများတယ်။ အခုလို
ဈေးပွဲမရှိတဲ့အချိန်ဆို အိမ်ငှားမရှိသလောက်ပဲ”ဟု မဇ္ဈိမကိုပြောသည်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်သည် နေပြည်တော်စီမံကိန်းများတည်ဆောက်စဉ်က ရွှေ့ပြောင်းခဲ့သည့် ကျေးရွာများကို နေရာချထားပေးသည့်ရပ်ကွက်တစ်ခုဖြ စ်ပြီး ယခုအချိန်တွင် ပေ ၆၀ ပတ်လည်တစ်ဝိုင်းလျှင် သိန်း ၅၀၀ ၀န်းကျင် ဈေးပေါက်လျက်ရှိသည်ဟု ၎င်းကပြောသည်။
ရွှေကြာပင်ရပ်ကွက်ဒေသခံတစ်ဦးက “ကျွန်မတို့ရပ်ကွက်မှာလည်း သိန်း ၄၀၀၊ ၅၀၀ ဈေးပေါက်ကြတော့ ရောင်းပြီး ဈေးချိုတဲ့နေရာ ပြောင်းနေကြသူတွေလည်း မနည်းပါဘူး” ဟု ပြောသည်။
သပြေကုန်းဈေးတွင် အိမ်ငှားရမ်းဈေးနှုန်းများအဖြစ် တစ်လလျှင် အနည်းဆုံး ကျပ်ခြောက်သိန်းမှ နှစ် ဆယ့်ငါးသိန်းထိရှိသည်ဟု သိရသည်။ တစ်လလျှင် ကျပ်ခြောက်သိန်းဖြင့်ငှားရမ်းမည့်
အိမ်သည်တစ် ထပ်တိုက်ဖြစ်ပြီး တစ်လလျှင် နှစ်ဆယ့်ငါးသိန်းဝန်းကျင်ဖြင့်
ငှားရမ်းမည့်အိမ်သည် ရုံးခန်းဖွင့်လှစ်နိုင်သည့် နှစ်ထပ်တိုက်များဖြစ်သည်ဟု
ဆိုသည်။
from>>Mizzima - News in Burmese
ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ
သပြေကုန်းဈေးဝန်းကျင်တွင် ယခင်က သိန်း ၂,၀၀၀ ၀န်းကျင်ရှိခဲ့သည့် ပေ ၁၀၀ ပတ်လည် အိမ်ဝိုင်းများ သည် သိန်း ၇၀၀ ၀န်းကျင်အထိ ဈေးနှုန်းကျဆင်းနေသော်လည်း အရောင်းအ၀ယ်ဖြစ်ရန် အခက်အခဲ ဖြစ်နေသည်ဟု ၀ါရင့်အိမ်ခြံမြေအကျိုးဆောင်မျာ
၂၀၀၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် နေပြည်တော်သပြေကုန်းဈေး၏အိမ်ခြ
ထိုစဉ်က အိမ်ခြံမြေအရောင်းအ၀ယ်မှာ များစွာသွက်လက်ခဲ့သည့်အပြင် ကျောက်မျက်ပွဲကာလ ရက်ပေါင်း ၁၅ ရက်ခန့်ကို သိန်း ၂၀ မှ ၃၀ အထိပေးကာ ငှားရမ်းခဲ့သည့် ကျောက်မျက်ကုန်သည်များလည်း ရှိခဲ့သည် ဟု သပြေကုန်းဈေးပွဲရုံတန်းမှ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။
၎င်းက “အရင်တုန်းကဆို သပြေကုန်းဈေးမှာ ဆောက်လုပ်ရေးကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေက ဒါရိုက် တာကော၊ မန်နေဂျာကော ၀ယ်ကြတယ်။ အခုတော့ အဲလိုမ၀ယ်ကြတော့ဘူး” ဟု ပြောသည်။နေပြည် တော်တွင် မြေကွက်ဝယ်ယူ ရင်းနှီးမြှုပ်နှံသူများမှာ ရန်ကုန်နှင့် မန္တလေးစသောမြို့များက အများဆုံးဖြစ် သော်လည်း ယခုနောက်ပိုင်းတွင်မူ မန္တလေးအပါအ၀င် လားရှိုး၊ မြစ်ကြီးနားစသော မြို့များမှ မြို့သစ်ကို စိတ်ဝင်စားသူများသာ အများဆုံးဖြစ်နေသည်ဟု ၎င်းကပြောသည်။
အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက“ေ
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်သည် နေပြည်တော်စီမံကိန်းများတည်ဆောက
ရွှေကြာပင်ရပ်ကွက်ဒေသခံတစ်ဦးက “ကျွန်မတို့ရပ်ကွက်မှာလည်း သိန်း ၄၀၀၊ ၅၀၀ ဈေးပေါက်ကြတော့ ရောင်းပြီး ဈေးချိုတဲ့နေရာ ပြောင်းနေကြသူတွေလည်း မနည်းပါဘူး” ဟု ပြောသည်။
သပြေကုန်းဈေးတွင် အိမ်ငှားရမ်းဈေးနှုန်းများအဖြစ်
from>>Mizzima - News in Burmese
No comments:
Post a Comment