Wednesday, February 5, 2014

ဒေါ်လာသန်းတစ်ထောင်ကုန်ကျမည့် ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စင်ကာပူကုမ္ပဏီကို ကမ်းလှမ်း

ပဲခူးမြို့အနီးတွင် တည်ဆောက်မည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်ရေးလုပ်ငန်း ဆိုင်ရာ ဆွေးနွေးပွဲသို့တက်ရောက်နိုင်ရန် စင်ကာပူချမ်ဂီလေဆိပ်ကိုတည်ဆောက်ခဲ့သည့် “ယုံဂမ်” ကုမ္ပဏီ အုပ်စုကို မြန်မာအစိုးရက ပြန်လည်ဖိတ်ခေါ်ထားကြောင်း ဖေဖော်ဝါရီ ၅ ရက် ရိုက်တာသတင်းတစ်ရပ် တွင် ဖော်ပြထားသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းကိုဆောင်ရွက်နိုင်ရန် တောင်ကိုရီးယားအခြေစိုက် “အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကော်ပိုရေးရှင်း” (Incheon International Airport Corp) ကို ၂၀၁၃ ခုနှစ် သြဂုတ်လက တရားဝင် တာဝန်ပေးအပ်ခဲ့သော်လည်း၊ လေဆိပ် တည်ဆောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုမှာ အောင်မြင်မှုမရှိခဲ့ဟု ရိုက်တာ သတင်းကဆိုသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ခြင်းနှင့် လေဆိပ်လုပ်ငန်းဆောင်ရွက်ခြင်းတို့ကို အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ နှစ် ၃၀ စီမံကိန်းဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ “ယုံဂမ်” ကုမ္ပဏီအုပ်စုက ၎င်းတို့၏ကုမ္ပဏီအုပ်စုတွင် ဂျပန်နိုင်ငံအခြေစိုက် JGC လုပ်ငန်းစုလည်း ပါဝင်သည်ဟုဆိုသည်။ ““ယုံဂမ်”” ကုမ္ပဏီလုပ်ငန်းစုမှာ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကို ဆောင်ရွက်နိုင်ရန် Incheon International Airport Corp ၏ အရန်ကုမ္ပဏီအဖြစ်ရွေးချယ်ခံထားရသော ကုမ္ပဏီလုပ်ငန်းစု တစ်ခုဖြစ် သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုအမေရိကန်ဒေါ်လာ တစ်ဘီလီယံအကုန်အကျခံကာ တည် ဆောက်မည်ဖြစ်ပြီးလေဆိပ်တည်ဆောက်ပြီးစီးပါက တစ်နှစ်လျှင် ခရီးသည် ၁၂သန်းခန့်အတွက် ၀န်ဆောင်မှုပေးနိုင်သောလေဆိပ်ကြီးဖြစ်လာမည်ဖြစ်သည်။

from>>Mizzima - News in Burmese

No comments:

Post a Comment