Wednesday, February 5, 2014

" ၁၉ ရာစုနှစ်က မြန်မာ့ယဉ်ကျေးမှု ရှားပါးဓာတ်ပုံများပြသ "

Photo: " ၁၉ ရာစုနှစ်က မြန်မာ့ယဉ်ကျေးမှု ရှားပါးဓာတ်ပုံများပြသ "

မြန်မာနိုင်ငံဆိုင်ရာ အီတလီ သံရုံးနှင့် ရန်ကုန်မြို့ပြအမွေ အနှစ်ထိန်းသိမ်းရေးအဖွဲ့(YHT) တို့ ပူးပေါင်းပြီး ၁၉ရာစုက မြန်မာ့ ရှားပါးဓာတ်ပုံများ ပြသသည့်ပွဲ ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ အထိ အမှတ် ၂၂/၂၃၊ ပန်းဆိုး တန်းလမ်းရှိ့ YHT ရုံးခန်းတွင် ပြသလျက်ရှိသည်။ ” အခုလိုထူး ခြားတဲ့ပြပွဲကို YHT အနေနဲ့ စီစဉ်နိုင်ခဲ့တဲ့အတွက် တအား ဝမ်းသာပါတယ်။ ဒီဓာတ်ပုံတွေ က ကျွန်တော်တို့တွေရဲ့ ဟိုးအရင်က အတိတ်ကို လှစ်ဟပြနေတဲ့ ပြတင်းပေါက်တွေဖြစ်သလို အခုပစ္စုပ္ပန်ကို လည်းပိုမို နားလည် သဘောပေါက်စေမှာ ဖြစ်ပါတယ်။

အနာဂတ်မှာ ဖြစ်လာမယ့် တချို့အရာတွေကိုတောင် ပြောပြကောင်း ပြောပြပေးနိုင်လိမ့်မယ်။ ဒီပုံတွေထဲမှာ လူအမျိုးမျိုးကို မှတ်တမ်း တင်ထားတဲ့ ဓာတ်ပုံကောင်းတွေ့သလို မြန်မာဆိုတာကို မတူကွဲ ပြားမှုတွေနဲ့ တင်ပြထားတဲ့ဓာတ်ပုံကောင်းတွေလည်းပါပါတယ်” ဟုရန်ကုန်မြို့ပြ အမွေအနှစ် ထိန်း သိမ်းစောင့်ရှောက်ရေး အဖွဲ့မှ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်ဦးက ပြောသည်။

၎င်းဓာတ်ပုံများသည် ပြင်သစ်လူမျိုး Mr. Gillesde Flogny က စုဆောင်းထားသော ဓာတ်ပုံများဖြစ်ပြီး နေ့စဉ်လူမှု ဘဝ၊ ရန်ကုန်မြို့ပြ ယဉ်ကျေးမှု အနေအထားများကို ထင်ဟပ် စေသည့်ပုံများလည်း ဖြစ်သည်။ ” ဒီနိုင်ငံနဲ့ပတ်သက်ပြီး အစောပိုင်း ကာလတွေကတည်းက နိုင်ငံရပ်ခြားမှာ ပျံ့နှံ့သိရှိစေခဲ့တဲ့ လူသိများထင်ရှားတဲ့ အီတလီ လူမျိုးဓာတ်ပုံဆရာ Mr. Felice Beato ရဲ့ တန်ဖိုးရှိလှတဲ့ ဓာတ်ပုံတွေကို မြန်မာက တာဝန်ရှိသူ တွေနဲ့ ပြည်သူလူထုရှေ့မှောက်မှာ ပြသနိုင်တဲ့အတွက် အီတလီနိုင်ငံ၊ သံ အမတ်တစ်ဦးအနေနဲ့ အင်မတန်မှဝမ်းမြောက်ပါတယ်။ ဆန်းသစ်တဲ့ သူ့ရဲ့ဓာတ်ပုံတွေဟာ မြန်မာနိုင်ငံနဲ့ အီတလီနိုင်ငံအကြား ကောင်းမွန်တဲ့ ဆက် ဆံရေးနှစ် ပေါင်းများစွာ အခိုင်အမာရှိခဲ့ တယ်ဆိုတာကို ဒီဓာတ်ပုံတွေက သက်သေပြနေ ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အီတလီသံ အမတ်ကြီး Mr. Paolo Andrea Bartorelli က ပြောသည်။

ဓာတ်ပုံအများစုမှာ ၁၈၈၇ခုနှစ်က မန္တလေး မြို့၌ ဓာတ်ပုံစတူဒီယိုတစ်ခုတည် ထောင်ဖွင့်လှစ်ခဲ့သည်။ အီတာ လျံ- ဗြိတိသျှလူမျိုးဓာတ်ပုံပညာရှင် Mr. Felice Beato ၏ လက်ရာများဖြစ်သည့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဗိသုကာအမွေအနှစ်များ ပေါကြွယ်ဝမှုကို မှတ်တမ်းတင်ခဲ့ပြီး ထိုခေတ် ထိုအခါကနေထိုင်ခဲ့သည့် မြန်မာ လူမျိုးတို့၏ ပုံစံအမျိုးမျိုးကို မှတ်တမ်းတင်ရိုက်ကူးခဲ့သည့် ပုံများနှင့်၁၈၆၅ ခုနှစ်မှ ၁၉၂၅ ခုနှစ်အထိရန်ကုန်မြို့ရှိ ackson & Bentley စတူဒီယိုကို ပိုင်ဆိုင်ခဲ့သည့် J.Jackson နှင့် ၁၉ ရာစုအကုန်ပိုင်းနှင့်၂ဝရာစု အစော ပိုင်းတို့တွင် ရန်ကုန် မြို့နှင့် မော်လမြိုင်မြို့များ၌ စတူဒီယိုဖွင့်လှစ်လုပ်ကိုင်ခဲ့သူ Philip Klier တို့ ရိုက်ကူးထားသော ပုံများပြသထားခြင်းဖြစ်သည်။ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ကို ၂ဝ၁၂ခုနှစ်၊ ဇန်နဝါရီကထူထောင်ခဲ့ပြီး မြို့ ပြလက္ခဏာနှင့် ဗိသုကာလက် ရာအမွေအနှစ်များ၊ ထိန်းသိမ်း စောင့်ရှောက်၊ မြှင့်တင်ခြင်း လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

M ဘွယ်

Aye Chan Mon# Credit To :Popular Journal> ပြန်လည် မျဝေခြင်း ဖြစ်ပါသည် 

from>>Popular Journal

No comments:

Post a Comment