၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊
မိုင်တိုင်အမှတ်(၂၃၄/၁-၂)ကြားတွင် ယာဉ်တိုက်မှု
ဖြစ်ပွားကြောင်းသတင်းအရ ပန်းတင်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ
သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှရန်ကုန်သို့ မုံရွာမြို့၊
ရတနာပုံရပ်ကွက်နေ ဦးထွန်းလှိုင်(၃၇)နှစ် မောင်းနှင်လာသည့် ၈ဏ/xxxx
လိုက်ထရပ်အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း
ကပ်တုံး(၃)တုံးအား ၀င်ရောက်တိုက်မိခဲ့ကြောင်းတွေ့ရှိရသည်။
ထိုသို့တိုက်မိမှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ယာဉ်မှာ ယာရှေ့ဘီး/
ယာနောက်တာယာပွင့်ထွက်၊ တန်ဘိုးငွေကျပ်(၅၀၀၀၀ိ/-)ပျက်စီးဆုံးရှုံး ခဲ့သဖြင့်
ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးထွန်းလှိုင်အား ပန်းတင်အမြန်လမ်းရဲစခန်း
ယာဉ်(ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း
သတင်းရရှိသည်။
from>>ရဲဇာနည်
from>>ရဲဇာနည်
No comments:
Post a Comment