Tuesday, February 11, 2014

မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ ဂျာမနီ သမ္မတ မစ္စတာ ယိုခင်ဂေါ့ခ်ဟာ ဒီနေ့မှာ ရန်ကုန်မြို့မှာ ရှိနေပြီးတော့ မနက်ဖြန်မှာ ရန်ကုန်မြို့ကနေ ပြန်လည် ထွက်ခွာဖို့ ရှိပါတယ်။

သမ္မတဟာ ဒီနေ့မနက်ပိုင်းက ရန်ကုန် တက္ကသိုလ်မှာ လူငယ်တွေကို မိန့်ခွန်း ပြောခဲ့သလို၊ ကွန်သည်စက်မှု အသင်းချုပ်မှာ ဂျာမန် ကုန်သည်ကြီးများ အသင်းရဲ့ ကိုယ်စားလှယ်ရုံးခန်း ဖွင့်လှစ်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပြီး ညနေပိုင်းမှာ ဂျာမန်အစိုးရက ရန်ကုန်မှာ ဖွင့်ထားတဲ့ ဂိုသေး ယဉ်ကျေးမှုဌာနကိုလည်း သွားရောက်ခဲ့ပါတယ်။

ဒီတော့ ဂျာမနီက စီးပွားရေး ကိုယ်စားလှယ် ၁၂၀ ကျော်ကို ဦးဆောင်လာတဲ့ ဂျာမန် သမ္မတ ခရီးစဉ်ဟာ ဘာတွေ ထူးခြားမှု ရှိပါသလဲ။

ရန်ကုန်က ဘီဘီစီ သတင်းထောက် ကိုတင်အောင်ကျော်က ပြောပြ ထားပါတယ်။

from>>BBC Burmese

No comments:

Post a Comment