ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ ရွေးကောက်ပွဲကျင်းပခဲ့ပေမယ့်
နိုင်ငံတွင်း တည်ငြိမ်မှုကို ပြန်လည် မဖော်ဆောင်နိုင်တာကြောင့်
တောင့်တင်းခိုင်မာတဲ့ စီးပွားရေး တိုးတက်မှုအတွက် စိုးရိမ်မှုတွေ
ပိုရှိလာတယ်လို့ ထိုင်းနိုင်ငံ ဗဟိုဘဏ်က သတိပေး ပြောကြားလိုက်ပါတယ်။
အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဟာ ရေရှည်အထိ ဖြစ်လာနိုင်တယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ စတော့ဈေးကွက်ဟာ နိုဝင်ဘာလက စပြီးတော့ ၁၀ရာခိုင်နှုန်းကျော်အထိ ကျဆင်းနေတယ်လို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ နိုဝင်ဘာလကတည်းကစပြီးတော့ ၀န်ကြီးချုပ် ရင်လပ်ရှင်နာဝပ်ကို ရာထူးကနေ ဆင်းပေးဖို့ ဆန့်ကျင် ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ရက်သတ္တပါတ်အကုန်က ရွေးကောက်ပွဲပြုလုပ်ခဲ့ပေမယ့် ဆန္ဒပြသူတွေရဲ့ တားဆီး နှောင့်ယှက်မှုတွေ ကြောင့် မဲပေးခွင့်မရခဲ့တဲ့သူပေါင်း ၆သန်းလောက် ကျန်ရှိနေသေးသလို အဲဒီလူဟာ မဲပြန်ပေးနိုင်ဖို့အတွက် အချိန်ကြာအုံးမယ်လို့လည်း ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
from>>ABC Radio Australia - မြန်မာပိုင်း

No comments:
Post a Comment