Wednesday, February 5, 2014

ကလေးငယ်တွေ မဖွယ်မရာပြုတဲ့ကိစ္စနဲ့ ကက်သလစ်အသင်းတော်ကို ကုလရှုံ့ချ

ကလေးငယ်တွေအပေါ် ကက်သလစ် ဘုန်းတော်ကြီး တချို့ကနေ မဖွယ်မရာ ပြုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အသင်းတော်ရဲ့ ကိုင်တွယ်မှုကို ကုလသမဂ္ဂက ရှုံ့ချလိုက်ပါတယ်။ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်ခဲ့တဲ့ ဘုန်းတော်ကြီးတွေကို ကက်သလစ် သာဿနာက အပြစ်ပေး တိုင်ကြားမှုတွေ မလုပ်ပဲ တခြားဒေသကို ပြောင်းရွှေ့နေထိုင်းစေပြီး အမှုကို ဖုံးကွယ်ပေးသလို လုပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးအဖွဲ့က ပြောလိုက်ပါတယ်။
ကလေးငယ်တွေအပေါ် မဖွယ်မရာ ပြုခဲ့တဲ့ ဘုန်းတော်ကြီးတွေအားလုံးကို ဘုန်းကြီးဘဝကနေ ဖယ်ရှားပြီး အာဏာပိုင်တွေရဲ့ လက်ထဲ အပ်နှံဖို့လည်း တောင်းဆိုထားပါတယ်။ ကက်သလစ်သာဿနာ အသင်းတော်ကလည်း ကုလသမဂ္ဂရဲ့ အကြံပြုတောင်းဆိုချက်တွေကို သေချာလေ့လာမှု လုပ်နေတယ်လို့ အကြောင်းပြန်ထားပါတယ်။ တဆက်တည်းမှာပဲ ကုလသမဂ္ဂအနေနဲ့ ကက်သလစ်သာဿနာကနေ လိင်တူဆက်ဆံခြင်းတွေ၊ သန္ဓေတားဆီးတာတွေနဲ့ ကိုယ်ဝန်ဖျက်ချတာတွေ မလုပ်ဖို့ အသင်းတော်က သင်ကြားရာမှာ ကုလသမဂ္ဂက ဝင်ရောက်စွက်ဖက်မှုတွေ လုပ်နေတယ်လို့လည်း ကက်သလစ်သာဿနာက ကုလသမဂ္ဂကို ပြန်လည်ဝေဖန်လိုက်ပါတယ်။

ABC Radio Australia - မြန်မာပိုင်း

No comments:

Post a Comment