တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယား နိုင်ငံ စစ်ပွဲတွေကြောင့်
ကွေကွင်းခဲ့ကြရတဲ့ မိသားစုတွေကို ဒီလနှောင်းပိုင်းမှာ
ပြန်လည်တွေ့ဆုံခွင့်ပေးဖို့ တောင်နဲ့ မြောက် ကိုးရီးယားအစိုးရတို့က
သဘောတူကြပါတယ်။ ၁၉၅၀ ပြည့်နှစ်ကနေ ၁၉၅၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့
ကိုးရီးယားစစ်ပွဲအတွင်း ခွဲခွဲခဲ့ရတဲ့ မိသားစုဝင်တွေကို နှစ်နိုင်ငံ
နယ်စပ်ဖြစ်တဲ့ Mount Kumgang
အပန်းဖြေစခန်းမှာ ၆ ရက်ကြာ တွေ့ဆုံခွင့်ပေးဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက မိသားစုတွေကို ပြန်လည် တွေ့ဆုံခွင့်ပေးဖို့ သဘောတူခဲ့ကြပေမယ့် တွေ့ဆုံဖို့ ရက်ပိုင်းအလိုမှာပဲ မြောက်ကိုးရီးယားက သဘောတူညီမှုကို ရုတ်သိမ်းလိုက်တဲ့အတွက် တွေ့ခွင့်မရခဲ့ကြပါဘူး။ ဒီတချီမှာတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစပြီး ၆ ရက်ကြာ တွေ့ဆုံခွင့်ပေးဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။ စစ်ပွဲကြောင့် နိုင်ငံ နှစ်ခုမှာ တကွဲတပြားဖြစ်နေတဲ့ တောင်နဲ့မြောက် ကိုးရီးယား မိသားစုဝင် အယောက်ပေါင်း တစ်သောင်းရှစ်ထောင်ကျော်လောက် ပြန်လည် တွေ့ဆုံနိုင်ဖို့လည်း မျော်လင့်နေကြပါတယ်။
from>>ABC Radio Australia - မြန်မာပိုင်း

No comments:
Post a Comment