Sunday, February 2, 2014

တပ်မတော်သားကိုယ်စားလှယ်များကို လွှတ်တော်သက်တမ်းအလိုက် လျှော့ချရန် တိုက်တွန်း

တိုင်းရင်းသားပါတီ ၂၀ ဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက လွှတ် တော်အသီးသီးတွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကို လွှတ်တော်သက်တမ်း အလိုက် လျှော့ချသွားရန် ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ကြေညာ တိုက်တွန်းလိုက်သည်။ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း၏ ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် ပြုလုပ်သည့် ၁၇ ကြိမ်မြောက် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချကာ ထုတ်ပြန်လိုက်ခြင်းဟု ရှမ်းတိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောသည်။

“တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လွှတ်တော်သက်တမ်းအလိုက် လျှော့ချဖို့ဆိုတာကလည်း ဖြစ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ထက် ကိုယ့်ဆန္ဒသဘောထားကို ထုတ်ပြန်တဲ့သဘောပါ”ဟု ပြောသည်။ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသားကိုယ်စားလှယ်များ ဦးရေ ၇၀ ၀န်းကျင်သာရှိသည့်အတွက် လွှတ်တော်အသီးသီးတွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေမှုကို လွှတ်တော်သက်

တမ်းအလိုက် လျှော့ချသွားရန်တိုက်တွန်းခြင်းသည် မအောင်မြင်နိုင်ဟုလည်း ၎င်းက ဆိုသည်။

သို့သော် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းအဖွဲ့ဝင်ပါတီများအားလုံးက ယင်းအချက်နှင့် ပတ်သက်၍ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့လည်း တင်ပြထားသည်။
ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ဝင် အဆင့်ဆင့်တွင် တိုင်းရင်းသား များ ပါဝင်ခွင့်ရရန်၊ ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များကို ကိုယ်စားလှယ်များထဲမှ ခန့်အပ်ရန်၊ တိုင်းရင်း သားဘာသာစကားများကို ကျောင်းချိန်အတွင်း သင်ကြားပေးရန်အပြင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဟု သတ်မှတ်၍ Code Number ပေးကာ သန်းခေါင်စာရင်းကောက်ယူရန် စီစဉ်နေခြင်းကိုလည်း သက်ဆိုင် ရာ တိုင်းရင်းသားလူမျိုးများနှင့် ညှိနှိုင်း၍ ပြန်လည်သုံးသပ်ရန် တိုက်တွန်းထားသည်။

၂၀၁၂ ခုနှစ်က တိုင်းရင်းသားပါတီ ငါးပါတီဖြင့် စတင်ဖွဲ့စည်းခဲ့သော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းအဖွဲ့သည် ယခုအခါ တိုင်းရင်းသားပါတီပေါင်း ၁၆ ပါတီဖြင့် ညီညွတ်သော ဖက်ဒရယ်ပြည် ထောင်စုပါတီကိုလည်း ဖွဲ့စည်းထားသည်။

from>>Mizzima - News in Burmese

No comments:

Post a Comment