ဘင်္ဂလာနယ်စပ်စောင့်တပ်ဖွဲ့ (BGB) ရခိုင်ပြည်-ဘင်္ဂလာ နယ်စပ်မှတ်တိုင် ၅၄
အနီးမှ LG ရိုင်ဖယ် ၅ လက် စနေနေ့ ညနေဘက်က ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာက
ထုတ်ဖေါ်ရှင်းလင်းချက်အရ သိရှိရသည်။
ရခိုင်ပြည်-ဘင်္ဂလာနယ်စပ်တလျှောက် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ယင်းနယ်စပ်တလျှောက်တွင် အကြမ်းဖက်သမားများက လက်နက်ခဲယမ်းမီးကျောက်များ စုဆောင်းထားသည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့ရာမှ အခုလို ဖမ်းဆီးရမိခြင်းဖြစ်သည်။
ယင်းလက်နက်များကို နတ်ချောင်းဆရီအခြေစိုက် BGB တပ်ရင်းအမှတ် ၃၁ က RSO, ARNO တပ်ဖွဲ့များ ကျင်လည်သည့် နယ်မြေဖြစ်သော ဘင်ဒရိုဘင်ခရိုင် နတ်ချောင်းဆရီမြို့နယ် ဒိုးဆရီချောင်းဒေသအတွင်းမှ ဖေါ်ထုတ်ဖမ်းဆီး ရမိခြင်းဖြစ်သည်။
ယင်း BGB ဒုဗိုလ်မှူး မီရ် ဟာဆန်က "စစ်ကြောင်းမှူး ဇာမိအူလ် အာဟ်မ္မတ် ဦးဆောင်တဲ့အဖွဲ့က သတင်းအရ မြန်မာနယ်စပ်အနီးမှာရှိတဲ့ တောင်ယာတခုမှ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း တရားခံတဦးမှ ဖမ်းဆီးမရခဲ့ပါဘူး။ ဆက်လက်ပြီးတော့ နယ်စပ် မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်ဖေါက်ကားမှုတွေကို ဖေါ်ထုတ်သွားမယ်။"ဟု ဒေသခံသတင်းထောက်များကို ပြောဆိုလိုက်သည်။
ဘင်္ဂလာစစ်တပ် အနေဖြင့် လွန်ခဲ့သော ၂၀၀၀ ခုနှစ်မှ စတင်ပြီး ယခုအချိန်ထိ စစ်တကောင်း တောင်တန်းဒေသတလျှောက်မှ ခေတ်မီလက်နက်ပေါင်းမျိုးစုံ ၃၀၀ ခန့်နှင့် ကျဉ်ဆံပေါင်း ၁၀၀၀၀၀ ကျော်တို့ကို ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်း သိရှိရသည်။
သဇင်ဥ (သတင်း)
from >>Arakan Time

No comments:
Post a Comment