ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချို မြို့နယ်အတွင်းရှိ နောင်ချို-ဆိပ်ဖူးသွား ကားလမ်းတွင် ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက တပ်မတော်စစ်ကြောင်းများ လုံခြုံရေးတာဝန် ထမ်းဆောင်နေစဉ် နားဟီးရွာအနီး၌ SSA (ဝမ်ဟိုင်း) လက်နက်ကိုင်အဖွဲ့မှ အစိမ်းရောင် ယူနီဖောင်း ဝတ်ဆင်ထားသော တပ်ဖွဲ့ဝင် နှစ်ဦး မိုင်းထောင်နေသည်ကို တွေ့ရှိရသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့သည်။
ထိုသို့ ပစ်ခတ်ဖမ်းဆီးရာတွင် အမ်-၂ဝ ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် တစ်ခုနှင့် ကျည်နှစ်တောင့်၊ ဒေသန္တရမိုင်း နှစ်လုံးနှင့် မိုင်းထောင်ရာတွင် အသုံးပြုသည့် စနက်တံ တစ်ချောင်း၊ ပေ ၄ဝ ခန့်ရှိ နီ/နက် ဝါယာကြိုး တစ်ချောင်းနှင့် အတူ အစိမ်းရောင်ယူနီ ဖောင်းဝတ် အလောင်းတစ်လောင်း သိမ်းဆည်းရမိခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေးလွတ် မြောက် သွားခဲ့သည်။
SSA(ဝမ်ဟိုင်း) လက်နက်ကိုင်အဖွဲ့မှ အများပြည်သူများ အသုံးပြုလျက်ရှိသော ကားလမ်းများတွင် မိုင်းထောင်ခြင်းများကြောင့် ဒေသခံ ပြည်သူ များ သေကျေဒဏ်ရာ ရရှိမှုများ ရှိနေသောကြောင့် ဒေသခံပြည်သူများ အနေဖြင့် စိုးရိမ်ပူပန်လျက် ရှိပြီး ၎င်းအဖွဲ့တို့ ၏ လုပ်ရပ်များအပေါ် ရွံရှာမုန်းတီးလျက် ရှိကြောင်း သတင်း ရရှိသည်။
from>>:မြ၀တီ
No comments:
Post a Comment