Tuesday, February 11, 2014

မြစ်ကြီးနား – မန္တလေး ကုန်တင်မီးရထား လမ်းချော်တိမ်းမှောက်


Photo: မြစ်ကြီးနားကနေ ထွက်ခွာလာတဲ့ အမှတ် ၉၃၈ ကုန်တင်မီးရထား တိမ်းမှောက်

ဖေဖော်ဝါရီ ၁၁ ရက် ၂၀၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမီးရထားဘူတာနဲ့ နန့်စီးအောင် မီးရထားဘူတာကြားမှာ မြစ်ကြီးနားကနေ ထွက်ခွာလာတဲ့ အမှတ် ၉၃၈ ကုန်တင်မီးရထား ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၇ နာရီ ၅ မိနစ်အချိန်က ရထားတွဲချော် တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိ။

ဓာတ်ပုံ - ကိုခင်မောင်ဆွေ(မော်လူး)
Credit to:DVB TV News 
 မြစ်ကြီးနားမီးရထားဘူတာက ထွက်ခွာလာတဲ့ အမှတ် ၉၃၈ ကုန်တင်မီးရထားဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမီးရထားဘူတာနဲ့ နန့်စီးအောင် မီးရထားဘူတာကြားမှာ ဒီနေ့မနက် ၇ နာရီ ၅ မိနစ်အချိန်က ရထားတွဲချော် တိမ်းမှောက်ခဲ့ပါတယ်။

1903493_704835932883449_1754954697_n copyဖြစ်စဉ်မှာ မြစ်ကြီးနားကနေ မန္တလေးကို မောင်းနှင်လာတဲ့ စက်ခေါင်းအမှတ် DD 1118၊ စက်ခေါင်းမောင်း ဦးရဲသန်း၊ ရထားထိန်း ဦးလှမြင့်တို့ ဦးဆောင်မောင်းနှင်လာတဲ့ ကုန်တင်ရထားဟာ နန့်စီးအောင်ဘူတာကနေ ဒီနေ့မနက် ၆ နာရီ မိနစ် ၄၀ မှာ ထွက်ခွာလာရာ

မိုင်တိုင်အမှတ် ၆၀၆/၂၃၊ ၆၀၆/၂၄ ကြားအရောက်မှာ သံလမ်းအဆက်နေရာအနီး မီးရထားသံလမ်း နှစ်ပေလောက် ပြတ်ထွက်ပြီး ရထားတွဲတွေ လမ်းချော် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ရထားတိမ်းမှောက်မှုကြောင့် ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ သိရပါတယ်။ မီးရထားလမ်းပိုင်း အမြန်ဆုံး ပြန်လည်ကောင်းမွန်ပြီး ပုံမှန်သွားလာနိုင်စေရေးအတွက် တာဝန်ရှိသူတွေ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

from>>DVB TV News

No comments:

Post a Comment