လှိုင်သာယာမြို့နယ်တွင် အမျိုးသမီး၂ ဦး စကားများရန်ဖြစ်စဉ်
ဝင်ရောက်ဖြန်ဖြေသည့် အမျိုးသမီး တစ်ဦး နားရွက်ကိုက်ဖြတ်ခံရ သဖြင့်
ဖေဖောဝါရီ ၉ ရက်တွင် အမှုဖွင့် တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း
ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် ကစင်ကျေးရွာ၊ ကန်ပတ်တာလမ်းတွင် ဖေဖော်ဝရီ ၉ ရက် နံနက် ၈ နာရီအချိန်က ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်တွင် ဒေါ်ခင်ရွှေ (၅ဝ)နှစ်သည် နေအိမ်ရှေ့လမ်းမပေါ်တွင် ယောက်မဖြစ်သူ မညိုညိုစန်းနှင့် အိမ်နီးချင်း မစန်းတို့ ငွေကြေး ကိစ္စ စကားများနေသဖြင့် ဝင်ရောက် ဖြန်ဖြေပေးခဲ့သည်ဟု ရဲစခန်း တွင် ထွက်ဆိုထားသည်။
ထိုစဉ် မစန်းမှာ မကျေမနပ်ဖြစ်ကာ ဒေါ်ခင်ရွှေအား ဝင်ရောက်လုံးထွေးသတ်ပုတ်ပြီး ယာဘက်နားရွက်အား ကိုက်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲစခန်းတွင် တိုင်တန်းထားသည်။
ထို့ကြောင့်ပင် ဒေါ်ခင်ရွှေ၏ ယာဘက်နားရွက်အောက်ပိုင်းပြတ်ထွက်ပြီး သွေးထွက်ဒဏ်ရာရရှိခဲ့ သဖြင့် လှိုင်သာယာဆေးရုံတွင် ပြင်ပလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရသည်ဟုလည်း တရားလိုက ဆိုထားသည်။
ထို့ကြောင့် မစန်းအပေါ် အရေးယူပေးရန် ဒေါ်ခင်ရွှေက တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက (ပ)၁၅၃/၂ဝ၁၄ဖြင့် အမှုဖွင့်လိုက်သည်။
ထို့ပြင် တိုင်တန်းခံထားရသူကိုလည်း ဆက်လက်ဖမ်းဆီးစစ်ဆေးသွားမည်ဖြစ် ပြီး ပြစ်မှုမှန်ကန်ပါက ပုဒ်မ ၃၂၆ ဖြင့် တရားစွဲတင်သွားမည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။
from>>Mizzima - News in Burmese
အဆိုပါ ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် ကစင်ကျေးရွာ၊ ကန်ပတ်တာလမ်းတွင် ဖေဖော်ဝရီ ၉ ရက် နံနက် ၈ နာရီအချိန်က ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်တွင် ဒေါ်ခင်ရွှေ (၅ဝ)နှစ်သည် နေအိမ်ရှေ့လမ်းမပေါ်တွင် ယောက်မဖြစ်သူ မညိုညိုစန်းနှင့် အိမ်နီးချင်း မစန်းတို့ ငွေကြေး ကိစ္စ စကားများနေသဖြင့် ဝင်ရောက် ဖြန်ဖြေပေးခဲ့သည်ဟု ရဲစခန်း တွင် ထွက်ဆိုထားသည်။
ထိုစဉ် မစန်းမှာ မကျေမနပ်ဖြစ်ကာ ဒေါ်ခင်ရွှေအား ဝင်ရောက်လုံးထွေးသတ်ပုတ်ပြီး ယာဘက်နားရွက်အား ကိုက်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲစခန်းတွင် တိုင်တန်းထားသည်။
ထို့ကြောင့်ပင် ဒေါ်ခင်ရွှေ၏ ယာဘက်နားရွက်အောက်ပိုင်းပြတ်ထွက
ထို့ကြောင့် မစန်းအပေါ် အရေးယူပေးရန် ဒေါ်ခင်ရွှေက တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက (ပ)၁၅၃/၂ဝ၁၄ဖြင့် အမှုဖွင့်လိုက်သည်။
ထို့ပြင် တိုင်တန်းခံထားရသူကိုလည်း ဆက်လက်ဖမ်းဆီးစစ်ဆေးသွားမည်ဖြစ်
from>>Mizzima - News in Burmese
No comments:
Post a Comment