Friday, January 24, 2014

တောင်ကိုရီးယား နိုင်ငံက မြောက်ကိုရီးယား၏ စစ်ရေး လှုပ်ရှားမှုများကို နီးကပ်စွာ စောင့်ကြည့်သွားမည်

တောင်ကိုရီးယား နိုင်ငံသည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ လေကြောင်းချီ တပ်မဟာတစ်ခု အပါ အဝင် နည်းဗျူဟာမြောက် တပ်ဖွဲ့ကြီးနှစ်ဖွဲ့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ မြောက်ကိုရီးယား နိုင်ငံ ၏ စစ်ရေးလှုပ်ရှားမှု များအပေါ် ပိုမိုနီးကပ်စွာ စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ ကင်ဂျုံအွန်၏ ခရီးစဉ်အတွင်း အဆိုပါ တပ်ဖွဲ့ကြီးများသည် ရန်သူကို လျင်မြန်စွာ စစ်ဆင် ချေမှုန်းနိုင်သည့် ၎င်းတို့၏ စွမ်းရည်ကို သရုပ်ဖော် ပြသခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယား စစ်ဘက် ၏ ထိပ်တန်း ခေါင်းဆောင်ဖြစ်သည့် ကင်ဂျုံအွန်၏ ခရီးစဉ်သည် ထူးခြားမှု မဟုတ်သော်လည်း လာမည့် ဖေဖော်ဝါ ရီလတွင် စတင်ကျင်းပမည့် တောင်ကိုရီးယား- အမေရိကန် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းသည် ကြိုတင်စီစဉ်ထား သော ရန်စခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက သတိပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထောက်လှမ်းရေး အကြီးအကဲနှင့် ကာကွယ်ရေးဝန်ကြီး အပါအဝင် တောင်ကိုရီးယား ထိပ်တန်းအရာရှိ ကြီးများသည် ဇန်နဝါရီ ၂၃ ရက်တွင် သမ္မတ အိမ်တော်၌ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယား နိုင်ငံသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းအား ကျူးကျော် ရန်စခြင်းအတွက် ကြိုတင် လေ့ကျင့်ခြင်းဖြစ်သည်ဟု ရှုတ်ချပြောကြားခဲ့ပြီး ၎င်းတို့ အနေဖြင့် ယခုနှစ် အတွင်း လေ့ကျင့်မှုများ ထပ်မံပြုလုပ်လျှင် မမျှော်မှန်းနိုင်သော ပျက်စီး ဆုံးရှုံးမှုများနှင့် ကြုံတွေ့နိုင်ကြောင်း သတိ ပေးခဲ့သည်ဟု သိရသည်။
from မြ၀တီ

No comments:

Post a Comment