မော်လမြိုင်ကျွန်းမြို့  မြို့ နယ်ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲမှူး ဝင်းမောင် ဦးစီးသော နယ်ထိန်းတပ်ကြပ် ဇော်လတ်
နှင့်အဖွဲ့ တို့ သည် အသိသက်သေများနှင့်အတူ ဇန်နဝါရီ ၂၃ ရက်ညနေ့ (၆) နာရီ က သတင်းအရ မော်လမြိုင်ကျွန်းမြို့ ဧရာရွှေဝါစက်သုံးဆီဆိုင်အတွင်း သို့ ဆိုင်ကယ်ဓါတ်ဆီဖြည့်ရန် ဆိုင်ကယ်အမှတ် ၂၇ယ/၇၂၂၀၈ စီးနင်းလာသူ အမှတ်(၁၁)ရပ်ကွက် မင်္ဂလာရာမလမ်း နေ ဇော်လင်းအောင်(ခ)ဖိုးဇော် ကိုရှာဖွေစစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ၄င်းဝတ်ဆင်ထားသော ကြက်သွေးရောင်ဂျာကင်အိတ်
အတွင်းမှ Red Ruby ဆေးလိပ်ဗူးခွံဖြင့် ထည့်ထားသော တစ်ထုတ်လျှင် စက္ကူပါအလေးချိန်
(၃)ပဲသားခန့် ၊စက္ကူမပါအလေးချိန် (၂)ပဲသားခန့် ရှိ ဆေးခြောက်ထုတ်(၆)ထုတ် နှင့် စက္ကူပါအလေးချိန်
(၂)ပဲသားခန့် ၊စက္ကူမပါအလေးချိန် (၁)ပဲသားခန့် ရှိ ဆေးခြောက်ထုတ်(၁)ထုတ် ကို သိမ်းဆည်းရမိခဲ့သဖြင့်
ဇော်လင်းအောင်(ခ)ဖိုးဇော် အား မော်ကျွန်းမြို့ မ ရဲစခန်းမှ မယ (ပ)၁/၂၀၁၄ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆ (က)/၁၉ (က) ဖြင့်အမှုဖွင့်အရေးယူထားကြောင်းမြို့ မရဲစခန်းမှသိရသည်။
from>> Maw Gyun City

No comments:
Post a Comment