Friday, January 24, 2014

ရုရှားနိုင်ငံတွင် ပြုလုပ်မည့် တင့်ကားစွမ်းရည် ပြပွဲသို့ အမေရိကန် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အမေရိကန်နှင့် ဥရောပ နိုင်ငံများအား ရုရှားနိုင်ငံ၏ နိုင်ငံတကာ တင့်ကား စွမ်းရည်ပြပွဲတွင် ပါဝင်ရေး ဖိတ်ခေါ်ထားကြောင်း သိရသည်။ အဆိုပါ စွမ်းရည်ပြပွဲတွင် ပါဝင်ရန် ရုရှားနိုင်ငံက ၂ဝ၁၃ ခုနှစ် သြဂုတ်လအတွင်း ပြုလုပ်ခဲ့သည့် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်တွင် အမေရိကန် နိုင်ငံကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သော တင့်ကား စွမ်းရည်ပြပွဲကို ၂ဝ၁၃ ခုနှစ် သြဂုတ် လတွင် ရုရှားနိုင်ငံ မော်စကိုမြို့ အနီး အာလာဘိုင်နို ဒေသတွင်ပြုလုပ်ခဲ့ပြီး ယခုနှစ်အတွက် စွမ်းရည်ပြပွဲကို ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၁ဝ ရက်အ ထိ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

၎င်း စွမ်းရည်ပြပွဲကို အိုလံပစ် ပြိုင်ပွဲကဲ့သို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ စွမ်း ရည်ပြပွဲ ၌ပါ ဝင်ရန် နိုင်ငံပေါင်း ၄ဝ ကျော်အား ဖိတ်ကြားထားကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ သည်ဟု သိရသည်။
from မြ၀တီ

No comments:

Post a Comment