Thursday, January 30, 2014

မကွေးမြို့ ဖန်ခါးမြေ ဟိုတယ်မှ ကြေးဆင်းတုတော် ဘယ်ဘက် မျက်လုံးတော် ပွင့်သည့် သတင်းကြောင့် ဖူးမြော် သူများဖြင့် စည်ကား

Photo: မကွေးမြို့ ဖန်ခါးမြေ ဟိုတယ်မှ ကြေးဆင်းတုတော် ဘယ်ဘက် မျက်လုံးတော် ပွင့်သည့် သတင်းကြောင့် ဖူးမြော် သူများဖြင့် စည်ကား

မကွေး ဇန်နဝါရီ ၂၉

မကွေးတိုင်းဒေသကြီး ရန်နိုင်ရပ်ကွက် မြို့ပတ်လမ်း ဖန်ခါးမြေဟိုတယ် ဘုရားခန်းအတွင်း၌ သီတင်းသုံး နေတော်မူ သည့် ကြေးဆင်းတုတော်၏ ဘယ်ဘက် မျက်လုံးတော်မှာ ထူးထူးခြားခြား ပွင့်တော်မူ၍ လာရောက်ဖူးမြော်သူ များ နှင့် စည်ကားလျက်ရှိကြောင်း

သိရသည်။ ဘုရားခန်းအတွင်း တွေ့ရသော ဖန်ခါးမြေ ဟိုတယ်မန်နေဂျာ၏ ဇနီးက ''ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ဟိုတယ်က လူငယ်တစ်ဦး ရေချမ်းသွားကပ်တာ ဘယ်ဘက်မျက်လုံး တော် ပွင့်နေကြောင်း လာပြောတယ်၊ ဒါနဲ့ ကျွန်မတို့သွားကြည့်တယ်၊ ပထမတော့ မပွင့်တပွင့်ကနေ တဖြည်းဖြည်းနဲ့ ပွင့် လာတာ အခု မြင်ရတဲ့အတိုင်းပဲ၊ တစ်ယောက်စကား တစ်ယောက်နားနဲ့ ဘုရားဖူးတွေ ဝိုင်းအုံလာကြတာပဲ''ဟု ရှင်း ပြသည်။ ရုပ်ပွားတော်မှာ ကြေးဆင်းတုတော ဖြစ်ပြီး စိန်ဖူးတော်အထိ ဥာဏ်တော် ၁၁ လက်မရှိကြောင်း၊၂ဝ၁၃ ခု နှစ် ဘုရားပွဲဈေး နိဗ္ဗာန်ကုန်ဆိုင်မှ ပင့်ဆောင် ပူဇော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Aye Chan Mon# Credit To :မြ၀တီ> ပြန်လည် မျဝေခြင်း ဖြစ်ပါသည် 

from>> :မြ၀တီ

No comments:

Post a Comment