၂၀၁၅ ရွေးကောက်ပွဲတွင် လီဆူးတိုင်း
ရင်းသားများကို ကိုယ်စားပြုမည့် တိုင်းရင်းသား ကိုယ်စားလှယ် များအဖြစ်
လီဆူးအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ (ဒူးလေး ပါတီ)၀င်များမှ
ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
““ကျွန်တော်တို့လီဆူးအမျိုး သားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေးပါတီ)က ၂၀၁၅ရွေး ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။ ကျွန်တော်ကတော့ လီဆူးတိုင်းရင်းသားတွေက တောင်းဆိုရင် ပါဝင်ယှဉ်ပြိုင် သွားမှာဖြစ်ပါ တယ်””ဟုလီဆူး အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(ဒူးလေးပါတီ)မှ ဦးအားခီ ဒါဝူက ပြောသည်။ရှေးကျသော မြန်မာပြည် တွင်းနေ လူမျိုးစုများဖြစ်သည့် လီဆူးတိုင်းရင်း သားများသည် ကချင်တိုင်းရင်းသားလူမျိုးစု၁၂ မျိုးတွင်ပါဝင်ပြီး ပြည်တွင်း တွင် အခြေချနေထိုင်ခဲ့သော တိုင်း ရင်းသားများဖြစ်သည်။
““လီဆူးတိုင်းရင်းသားတွေ က အေဒီ၉ရာစုမှာ မြန်မာနိုင် ငံကို ရောက်ရှိလာ တဲ့ ရှေးကျ သော တိုင်းရင်းသားတွေဖြစ် ပါတယ်။ တကယ့်မြန်မာနိုင်ငံ မှာအခြေချနေထိုင်တဲ့ တိုင်း ရင်းသားလူမျိုး အစစ်အမှန်တွေ ဖြစ်ပါတယ်။ တိုင်းရင်းသားအ ချင်းချင်း ချစ်ခင်မှုခိုင်မာမှ တိုင်း ပြည်တည်ငြိမ်မယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မယ်”” ဟုလီဆူး နှစ်သစ်ကူးပွဲတော်တွင် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြော သည်။
နိုင်ငံအတွင်း အခြေချနေ ထိုင်သည့် တိုင်းရင်းသားများ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)အခြေခံမူများ၊ ပုဒ်မ ၁၇အပိုဒ်ခွဲ(ဂ)တွင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင်အခြေ ချနေထိုင်နေသော တိုင်းရင်း သားများအနေဖြင့် အုပ်ချုပ်ရေး ရာတွင် တိုင်းရင်းသားကိုယ် စားလှယ်များအဖြစ် ပါဝင်ခွင့်ရရှိ မည်ဟု ပြဋ္ဌာန်းထားသော ကြောင့် ၂၀၁၅ရွေးကောက် ပွဲတွင် တိုင်းရင်းသားကိုယ်စား လှယ်များမှ ပါဝင်ယှဉ်ပြိုင်သွား မည်ဖြစ်သည်။
from>>Yangon Media Group

No comments:
Post a Comment