မြန်မာနိုင်ငံ အတွင်းရှိ အလုပ်ရှင်နှင့် အလုပ်သမားများ၏ အငြင်းပွားမှုများ
မဖြစ်ပေါ်စေရန် ရှေးဦးစွာ အလုပ်မဝင်မီ လုပ်ငန်း၏ စည်းကမ်းချက်များနှင့်
ရပိုင်ခွင့်များကို နှစ်ဦးသဘောတူ ပွင့်လင်းမြင်သာစွာ ညှိနှိုင်း၍
စာချုပ်ချုပ် ဆို ခြင်း ကို အရေးပေး သတိပြုလုပ်ဆောင်ရန် လိုအပ်ကြောင်း
ခုံသမာဓိကောင်စီမှ တာဝန်ရှိသူ တစ်ဦးကပြောကြား
ခဲ့သည်။ ''ဖြစ်စဉ်အများစုက ပိုင်ရှင်ဘက်ကပြောရင် ဝန်ထမ်းတွေ
စည်းကမ်းမလိုက်နာလို့ ဆိုတဲ့အသံတွေ ကြားရ တယ်။ အလုပ်သမားတွေ ဘက်က
ဒီစည်းကမ်းချက်တွေကို သူတို့မသိဘူးလို့ ပြန်လည် ငြင်းဆိုတာတွေများတယ်။
အလုပ်ရှင်တွေကလဲ အလုပ်သမားရေးရာကို မသိသလို အလုပ်သမားတွေကလဲ
အလုပ်ရှင်အပိုင်းကို မသိဖြစ်နေ ကြတာပေါ့။ ဒါကြောင့် လုပ်ငန်းခွင်
တစ်မျိုးစီမှာ စည်းကမ်းချက်တွေက မတူတဲ့အတွက် ဒီစည်းကမ်းချက်တွေကို
လုပ်ငန်းခွင်မဝင်မီ ပွင့်လင်းမြင်သာအောင် သေချာစွာ ဆောင်ရွက်သင့်ပါတယ်။
နောက်တစ်ခုက စက်ရုံတိုင်းမှာ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းရေး ကော်မတီတွေ မရှိတာတွေလဲ တွေ့ရတယ်။ အလုပ်ရှင်ဘက်က ကိုယ်စား လှယ်နှစ်ဦးနဲ့ အလုပ်သမားဘက်က ကိုယ်စားလှယ်နှစ်ဦးက စက်ရုံတွင်း၊ လုပ်ငန်းခွင်တွင်းက ပြဿနာတွေကို အရင်ဆုံး ညှိနှိုင်းဖြေရှင်းရမယ့် ကော်မတီ ရှိရမှာဖြစ်ပါတယ်။
ဒီကော်မတီ ရှိမယ်ဆိုရင် တချို့သော ပြဿနာ အသေးအမွှားတွေဟာ ဆက်လက် ကြီးထွားလာမှာ မဟုတ်ပါဘူး'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ အဆိုပါ ပြဿနာများကို စက်ရုံတွင်း ညှိနှိုင်းရေး ကော်မတီတွင် အရင် ဆုံးဖြေရှင်းရပြီး ထိုကော်မတီတွင် ဖြေရှင်း၍ မရသောအမှုများကို မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံး၊ ပြည်နယ်နှင့် တိုင်း ဒေသ ကြီးအဆင့် ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီ ဟူ၍ အဆင့်ဆင့်တွင် လုပ်ထုံးလုပ်နည်းများဖြင့် ကြားနာ စစ် ဆေး ရကြောင်း သိရသည်။ ''ခုံသမာဓိကောင်စီကို ရောက်လာတဲ့ အမှုတွေက အောက်ခြေကနေ အဆင့်ဆင့် မပြီး ပြတ်နိုင်တဲ့ အမှုတွေဖြစ်ပြီး အလုပ်ထုတ် နစ်နာကြေးနဲ့ ပြဿနာဖြစ်ပြီး အလုပ်ပြန်ခန့်၊ မခန့်ဆိုတဲ့ အမှုတွေများပါ တယ်''ဟု ၎င်း တာဝန်ရှိသူက ထပ်မံပြောကြားခဲ့သည်။ ခုံသမာဓိကောင်စီ အနေဖြင့် ၂ဝ၁၃ ခုနှစ် တစ်နှစ်လုံးတွင် အလုပ်ရှင်နှင့် အလုပ်သမားအကြား ဖြစ်ပွားခဲ့သော အမှုပေါင်း ၁ဝ၂ မှုကို ဖြေရှင်း ပေးခဲ့ကြောင်း သိရသည်။
from မြ၀တီ

No comments:
Post a Comment