Saturday, January 25, 2014

မြန်မာနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေ (Per Capita GDP) ကိုအမေရိကန်ဒေါ်လာ ၇၅၀ ဟု တွက်ချက်ထားသော်လည်း လူဦးရေစစ်တမ်း ကောက်ယူပြီးမှသာလျှင် ပိုမိုတိကျသော ကိန်းဂဏန်းများကို ရရှိမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များ သုံးသပ်

မြန်မာနိုင်ငံ၏ GDP ကို တွက်ချက်ရာတွင် ပိုမိုသတ်မှတ်တွက်ချက်ထားသည်ဟု ပြောဆိုမှုများရှိသော်လည်း GDP ထဲတွင် မပါဝင်သေးသည့် အခြားကဏ္ဍများရှိနေသေးသည့်အတွက် exaggerate လုပ်သည် ဆိုသော်လည်း ဖြစ်နိုင်ကြောင်းနှင့် မြန်မာနိုင်ငံ၏ GDP ကို အတိအကျတွက်ရန်မှာ လာမယ့် ၂၀၁၄ မတ်လတွင် ကောက်ယူမည့် လူဦးရေစစ်တမ်းပြီးမှသာ ပိုမိုတိကျသော GDP ကို ရရှိနိုင်မည်ဖြစ်ကြောင်း စီးပွားရေးပညာချို့က သုံးသပ်ပြောကြားခဲ့သည်။

"အခုမြန်မာပြည်မှာတွက်တဲ့ GDP က sector အားလုံး ၁၄ ခုနဲ့ တွက်ထားတာပါ။ အများအားဖြင့်တော့ စိုက်ပျိုးရေးရယ်၊ ထုတ်လုပ်မှုလုပ်ငန်းရယ်။ ၀န်ဆောင်မှုရယ်ပေါ့။ GDP မှာပါတဲ့ဟာတွေအားလုံးက formal sector နဲ့သွားတာတွေ့ရတယ်။ အများအားဖြင့်မပါတာက informal sector တွေကမပါဘူး။ အခု World bank ကနေပြီးတော့ formal ။ Informal defination ခွဲတဲ့အခါကျတော့ ကျွန်တော်တို့က ဌာနဆိုင်ရာ တစ်ခုခုမှာ register လုပ်ထားတဲ့ လုပ်ငန်းတွေကို formal sector ထဲမှာထည့်ပါတယ်။ ဒါပေမဲ့ informal ဆိုလို့ တရားမ၀င်လုပ်တဲ့ လုပ်ငန်းတွေကို ပြောတာမဟုတ်ပါဘူး။ informal ဆိုတာ register မလုပ်ထားတဲ့လုပ်ငန်းတွေ ကိုပြောတာပါ။ လုပ်ငန်းတွေက အရမ်းသေးလို့ register လုပ်စရာမလိုသေးဘူး။ ကျွန်တော်ပြောချင်တာက လုပ်ငန်းနည်းနည်းသေးပေမယ့်လည်း အဲဒါတွေအားလုံးပေါင်းလိုက်တဲ့အခါကျတော့ လုပ်ငန်းက အကြီးဖြစ်သွားတာပေါ့။ အဲတော့ သူနဲ့ပတ်သက်တဲ့ဟာတွေ အပေါ်မှာကျတော့ economic report လုပ်တာ မရှိဘူးဖြစ်နေပါတယ်။ ဒါကြောင့် GDP ထဲမှာမပါတဲ့ကဏ္ဍတွေရှိနေလို့ အကယ်၍များနေတယ်ဆိုရင်တောင် လက်ခံနိုင်တယ်လို့ ထင်ပါတယ်"ဟု ဂျပန်နိုင်ငံ Jetro နှင့် ပူးတွဲ research ပြုလုပ်နေသော research director ဖြစ်သူ ဦးအောင်မင်းက ပြောပြခဲ့သည်။

"မက်ကင်စီ၏ ခန့်မှန်းချက်အရပြီးခဲ့သည့် ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ GDP သည် အမေရိကန်ဒေါ်လာ ၄၅ ဘီလျံရှိခဲ့ရာ အခြေခံအဆောက်အအုံပိုင်း ဖွံ့ဖြိုးတိုးတက်လာပါက၊ ထုတ်လုပ်မှုကဏ္ဍ တိုးတက်လာပါက ၂၀၁၃ ခုနှစ် ၂၀၀ ဘီလျံအထိ ရှိလာနိုင်ကြောင်း၊ ယင်းကာလအတွင်း တစ်ဦးချင်းဝင်ငွေ ၃ဒသမ ၅ ဆအထိတိုးလာပြီး လက်ရှိ အမေရိကန်ဒေါ်လာ ၇၅၀ မှ ၂၉၅၀ အထိ ရောက်ရှိလာနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ ၁၈ သန်းကို တစ်ရက်ဝင်ငွေ ၁ ဒသမ ၂၅ ဒေါ်လာအောက်နှင့် ရပ်တည်ရှင်သန်ရသော အနေအထားမှ လွတ်မြောက်မည် ဖြစ်ကြောင်းလည်း သုံးသပ်ထားသည်။

"မြန်မာပြည်ရဲ့လူမှုအခြေအနေကို ထင်ဟက်တဲ့ လက်ပွေ့ရောင်းရတဲ့ ကလေးတွေရှိမယ်။ နောက်ကားဂိတ်မှာ ကားတွေကိုလိုက်စောင့်ပေးရတဲ့ ကလေးတွေရှိမယ်။ သူတို့တွေက တကယ့် Main Berad Earner တွေပါ။ သို့သော်လည်း အဲဒါ tax မှာမပါဘူးဆိုတဲ့အတွက်ကြောင့် မြန်မာပြည်ရဲ့ GDP ထဲမှာ သူတို့က ဖုံးကွယ်နေတယ်။ ဒါပေမဲ့ အဲဒီလူတွေကလည်း တကယ်တော့သူတို့ရဲ့ဝင်ငွေတွေက ရှိနေတော့ GDP က exaggerate လုပ်တယ်လို့ ပြောတဲ့တိုင်အောင် ဒီဟာကလက်ခံနိုင်တယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ GDP ကိုတွက်တဲ့အခါ အပြင်ကအဖွဲ့အစည်းတွေတွက်တာနဲ့ မြန်မာနိုင်ငံက National planning ကတွက်တာ ကွဲနေတာတွေရှိတယ်။ ဆိုလိုတာက National planning ကတွက်တာက များနေတယ်ဆိုတာပေါ့။ စောစောကလိုမျိုး ပြန်ကြည့်လိုက်တော့လည်း မများဘူးလို့လည်း ပြောလို့ရပါတယ်"ဟု စီးပွားရေးတက္ကသိုလ် အသုံးချဘောဂဗေဒဌာနမှ ကထိကဆရာမတစ်ဦးက ဆိုသည်။

ကမ္ဘာဘဏ်၏ သုံးသပ်မှုအရ မြန်မာ့စီးပွားရေးသည် ရေတိုနှင့်အလယ်အလတ်ကာလတို့တွင် အကောင်းဖက်တွင် ရှိနေကြောင်း၊ စီးပွားရေးသည် ၂၀၁၃-၂၀၁၄တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာရန် ရည်မှန်းထားကြောင်း သိရသည်။

"စီးပွားရေးတိုးတက်မှုနဲ့ပတ်သက်ပြီး မက်ကင်စီက သုံးသပ်ထားတာ တော်တော်ကောင်းပါတယ်။ ကမ္ဘာ့ဘဏ်က သုံးသပ်ထားတာလည်း ကောင်းပါတယ်။ ကျွန်တော်တိုရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ၆ ဒသမ ၇ လောက် မှန်းထားတာတွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်ကိုတော့ ၆ ဒသမ ၈ လို့ ပြင်ပြီးတော့ မှန်းထားပါတယ်။ အကောင်းမြင်တဲ့ဘက်ကို ရောက်နေပါတယ်။ အခုက FDI ဆိုရင်လည်း ၄၃ ဘီလျံလောက်ရှိတယ်။ GDP ဆိုရင်လည်း အခုကမ္ဘာဘဏ်က မှန်းတာ ၅၄ ဒသမ ၄ ဘီလျံကျော်လောက်ရှိတယ်။ အကုန်လုံးကတော့ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ပြောတာမဟုတ်ဘဲ အင်တာနေရှင်နယ်ကပြောတဲ့ ကိန်းဂဏန်းတွေဖြစ်နေတဲ့အတွက် အလွန်ကောင်းပါတယ်။ အခုတော့ အင်ဖလေးရှင်းကတော့ ၅ ဒသမ ၉ လောက်ကနေ ၈ ဒသမ ၉ လောက်ဆိုတော့ သတိတားရတာပေါ့။ အလုပ်လက်မဲ့ကျတော့ မပြောတတ်ဘူး ကိန်းဂဏန်းအတိအကျ မသိဘူး။ လေးရာခိုင်နှုန်းလို့ ပြောတယ်။ ကျွန်တော်စောစောကပြောသလို ကိန်းဂဏန်းအတိအကျမသိတဲ့အတွက် အလုပ်လက်မဲ့နှုန်း ဘယ်လောက်လဲဆိုတာ မှန်းပြီးပြောနေရတာပဲရှိပါတယ်" ဟု MCC Group of Companies မှ ဆရာဦးတင်ဝင်းအောင်က မကြာသေးခင်က ကျင်းပသည့် ဟောပြောပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

"GDP တွက်တဲ့အခါ နည်းနည်းကွဲလွဲနေတာရှိတယ်။ စောစောက per capita ကို ဘတ်ဂျက်အရ စီမံကိန်းဥပဒေထဲမှာ backward ပြန်တွက်ကြည့်တော့ လူဦးရေက ၆၈ သန်းလား။ ၆၂ သန်းလားဆိုတဲ့ ပြဿနာပေါ်နေတယ်။ အဲတော့ပြောရတာခက်တယ်ဆိုတာက GDP growth rate ကျတော့ constant price နဲ့ပြောတယ်။ per capita ကျတော့ current price ပေါ်မှာပြောတယ်။ အခြေခံတဲ့တွက်ချက်တဲ့ Price ပေါ်မှာလည်း မူတည်တယ်။ တစ်ဦးချင်းဝင်ငွေ per capita income ကို တွက်မယ်ဆိုရင်တော လူဦးရေစာရင်းအတိအကျထွက်ဖို့တော့လိုတယ်"ဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

"ကျွန်တော်တို့လေ့လာသုံးသပ်ချက်အရဆိုရင်လည်း လာမယ့် ၂၀၁၄မှာ သန်းခေါင်စာရင်း အတိအကျကောက်ပြီးရင်တော့ ပိုမိုတိကျတဲ့ ကိန်းဂဏန်းတွေ ထွက်လာမှာပါ" ဟု MMRD မှ ဦအောင်မင်းက ပြောပြခဲ့သည်။
မက်ကင်စီစစ်တမ်းအရ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် မြန်မာနိုင်ငံ၏ GDP ၄၅ ဘီလျံရှိနေပြီး စီးပွားရေးတိုးတက်မှုနှုန်း GDP per growth rate သည် ၂၀၁၂- ၁၃ ဘဏ္ဍရေးနှစ်တွက် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်နေသောကြောင့် လက်ရှိမြန်မာနိုင်ငံ၏ GDP ခန့်မှန်းချက် အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၄ ဘီလျံမှာ ဖြစ်နိင်ဖွယ်ရှိကြောင်းနှင့် လတ်တလော GDP per capita ကိုမူ အမေရိကန်ဒေါ်လာ ၇၅၀ ၀န်းကျင်ဖြင့်သာ လက်ခံထားကြောင်းသိရသည်။

from Eleven Media Group

No comments:

Post a Comment