အမေရိကန် ပြည်ထောင်စုသည် ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်အား ရာထူးမှ
ဖယ်ရှားရန် ကြိုးပမ်း ရာတွင် အတိုက်အခံ အဖွဲ့များအား ကူညီထောက်ပံ့မှုများ
ပေးအပ်သွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက
ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ကယ်ရီသည် ဆွစ်ဇာလန်တွင် ကျင်းပသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သို့ နိုင်ငံပေါင်း ၄ဝ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ စုရုံး မရောက်ရှိမှီ ကတိပြု ပြော ကြားခဲ့ခြင်း ဖြစ်သည်။
ဆီးရီးယား နိုင်ငံ၏ အချုပ်အခြာ အာဏာကို သမ္မတ ဘာရှာအယ်လ်အာဆတ် က ပြန်လည်ရရှိနိုင် ဖွယ်ရှိသော် လည်း ၎င်း၏ အစိုးရအဖွဲ့သည် ဆီးရီးယားနိုင်ငံ တစ်ခုလုံးကို ရေရှည် ထိန်းချုပ်သွားနိုင်ဖွယ် မရှိကြောင်း၊ ထို့ ကြောင့် ဆီးရီးယား နိုင်ငံတွင်း သုံးနှစ်ကြာ ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်ကို အဆုံးသတ်စေရန်နှင့် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများကို စတင်ရန် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်နှင့်အတူ ကြိုးပမ်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ကယ်ရီက ပြောကြားသည်။
from မြ၀တီ

No comments:
Post a Comment