Friday, January 24, 2014

ဥပဒေပြုရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် Mr. Vijay Nambiar အား ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော် ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့ လွှတ်တော် အစည်းအဝေး ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံ သည်။အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်အတူ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ ဥပဒေပြုရေး ဆိုင်ရာ ကိစ္စရပ်များ၊ တရား ဥပဒေ စိုးမိုးရေး ဆိုင်ရာများ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးဆိုင်ရာ ကိစ္စ ရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေး ကြသည်။

from မြ၀တီ

No comments:

Post a Comment