Friday, January 24, 2014

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နယူးဇီလန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန် သံအမတ်ကြီး H.E.Mr.Tony Lynch အား ယနေ့ မွန်းလွဲ ၁နာရီခွဲတွင် အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ သတ္တုနှင့် သယံဇာတရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးနေဝင်းထွန်း၊ အမျိုးသမီးနှင့် ကလေးသူငယ် ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်နန်းနီနီအေး၊ အမျိုးသား လွှတ်တော် ကော်မတီ အဖွဲ့ဝင် ဦးကံညွန့်၊ ဦးတင်ရှန်နှင့် အမျိုးသား လွှတ်တော်ရုံး တာဝန်ရှိသူများ တက် ရောက်ကြ သည်။

from မြ၀တီ

No comments:

Post a Comment