Tuesday, January 28, 2014

ဓာတ်ငွေ့ပိုက်လိုင်းကြားစခန်း မီးရှို့မှု မူးယစ်နေသော မြန်မာလုပ်သား တစ်စုကြောင့်သာဟု ကုမ္ပဏီဆို

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏ ကြားခံစခန်းတစ်ခု မီးရှို့ခံရ မှုမှာ တရုတ်နှင့်မြန်မာ အလုပ် သမား တို့ကြား ပဋိပက္ခဖြစ် ပွားခြင်းကြောင့် မဟုတ်ဘဲ အရက်မူးနေေ သာ မြန်မာ လုပ်သားတစ်စု၏လက်ချက်သာဖြစ် ကြောင်း ကုမ္ပဏီကဆိုသည်။

”အဓိကကတော့ သူတို့ (မြန်မာ လုပ်သား ၃ဝ ခန့်)က အဲဒီအချိန်မှာ မူးနေတာ။ ပြီးတော့ တရုတ်လုပ်သား တွေက အပေါ်ကနေ သေးပေါက်ချတာ လည်း မဟုတ်ဘူး။ လုပ်ငန်းခွင်စည်း ကမ်းအရဆို ည ၁ဝ နာရီကျော်ရင် အရက်သောက်ခွင့် မရှိတော့ဘူး။ ဘာ ပဋိပက္ခမှ မဖြစ်ဘူး။ သူတို့က မူးနေလို့ သာ ဆီပုံးတွေ မီးရှို့တော့ ဆီပုံးတွေက အဆောင်နဲ့နီးတော့ အဆောင်ပါ မီး ကူးလောင်တာ” ဟု အရှေ့တောင်အာရှ ရေနံပိုက်လိုင်းနှင့် အရှေ့တောင် အာရှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း (SEADP/SEAGP) မှပြောခွင့်ရ မစ္စတာကျောင် က ပြောသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ် သတင်းစာများက အဆောင်၏အပေါ် ထပ်နေတရုတ်လုပ်သားများက အောက် ထပ်ရှိ မြန်မာလုပ်သားများ ကို ရေဖြင့် ပက်ခဲ့ကြောင်း (အချို့သတင်းစာများက ဆီးဖြင့် ပန်းချခဲ့သည် ဟု ဖော်ပြခဲ့ကြ သည်) ထို့ကြောင့် မြန်မာလုပ်သား ၃ဝ ခန့်က အပေါ်ထပ်သို့တက်သွား၍ ရေ ဖြင့် ပက်သူကို ပြန်တောင်းပန် ခိုင်းရန် စကားပြန်မှတစ်ဆင့် ပြောဆိုခဲ့သည်ဟု ဆိုကြသည်။ သို့ရာတွင် တရုတ်လုပ်သား တို့ကတောင်းပန်ခြင်းမပြု၍ မကျေမနပ် ဖြစ်ကာအဆောင် အနီးရှိ ဆီပုံးများကို စတင်မီးရှို့ခဲ့ရာမှ အဆောင်ကိုပါ မီးကူး စက်ခဲ့ကြ သည်ဟု ဖော်ပြကြသည်။
”တရုတ်နဲ့မြန်မာလုပ်သားတွေ ကြားမှာ ဘာပဋိပက္ခမှ မဖြစ်ဘူး။ ရိုက်တာနှက်တာလည်းမရှိဘူး။ ဘယ်သူ တစ်ဦးမှလည်း ထိခိုက်ဒဏ်ရာ ရတာမရှိ ဘူး”ဟု မစ္စတာကျောင်က ပြောသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ညက ဖြစ်ပွား ခဲ့သော အဆိုပါကြားခံစခန်းမီးရှို့မှု ကြောင့်ရဲတပ်ဖွဲ့က မြန်မာလုပ်သား ၁၄ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားပြီး မြန်မာ လုပ်သားအချို့မှာ ထွက်ပြေး ပုန်းရှောင် နေသည်ဟု သိရသည်။
ပိုက်လိုင်းကုမ္ပဏီက ယခုကဲ့သို့ ပြောသော်လည်း တရုတ်လုပ်သားများ က မြန်မာလုပ်သားများအပေါ် ဖိနှိပ်မှု ကြောင့် မကျေနပ်ခြင်းမှ အစပြုသည် ဟု သတင်းစာအချို့ က ရေးသားဖော် ပြသည်။

”တရုတ်တွေက အနိုင်ကျင့်တာ များပြီလို့ဆိုတယ်။ အရင်ကလည်း အ ပေါ်ကနေ အန်ချတာတွေရှိတယ်လို့ ပြော တယ်”ဟုလုပ်သားများ ၏ ပြောဆို ချက်ကို ရခိုင်တိုင်းရင်း သားများ တိုး တက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဒေါ်သွယ်သွယ်စိုးက ပြန် လည်ကိုးကားခဲ့ကြောင်းThe Voice Daily က ဖော်ပြထားသည်။
from Popular Myanmar
 

No comments:

Post a Comment