Facebook
သည် ကူးစက်ရောဂါတစ်ခုကဲ့သို့ တစ်ဟုန်ထိုးပုံစံဖြင့် ပျံ့နှံ့လာသော်လည်း
ပြန်လည်မှေးမှိန်သွားလိမ့်မည် ဖြစ်ကြောင်း အမေရိကန်သုတေသနပညာရှင်များ၏
သုတေသနရလဒ်အရ သိရသည်။ ၎င်းတို့၏ လေ့လာချက်အရ လူမှုရေးကွန်ရက်တစ်ခု ဖြစ်သော
Facebook သည် ၂၀၁၇ ခုနှစ်သို့ အရောက်တွင် သူ့အား အသုံးပြုနေသူပေါင်း၏ ရာခိုင်နှုန်း ၈၀ ကို ဆုံးရှုံးရလိမ့်မည်ဖြစ်ကြောင်း သိရသည်။
ပရင်စတန်တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာနှင့် လေကြောင်း အာကာသအင်ဂျင်နီယာပညာတို့ဖြင့် ပါရဂူဘွဲ့ယူရန် ကျမ်းပြုနေသူနှစ်ဦးက သူတို့၏လေ့လာချက်စာတမ်းကို အွန်လိုင်း၌ ဖော်ပြခဲ့ခြင်း ဖြစ်သည်။
MySpace ၏ အတက်အကျအပေါ်တွင် အခြေခံ၍ ဂျွန်ကန်နာရယ်လာနှင့် ဂျိုရွှားစပက်ချယ်လာတို့ နှစ်ဦးက သမိုင်းတွင် အကြီးမားဆုံး အွန်လိုင်းလူမှုရေးကွန်ရက်ဖြစ်သော
Facebook သည် အကြီးအကျယ်ကျဆင်း သွားတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သဘောကတော့ ရောဂါတွေလိုပါပဲ၊ လူတွေကြားမှာ အကြီးအကျယ် ကူးစက်ပျံ့နှံ့မယ်၊
နောက်တော့ အခါအားလျော်စွာ အရှိန်ကုန်သွားမှာပဲ။ ဒါကို
ကူးစက်ရောဂါပျံ့နှံ့တဲ့ ပုံစံတွေနဲ့ အောင်အောင်မြင်မြင်
ရှင်းပြနိုင်ပါတယ်”ဟု ၎င်းတို့က ရေးသားခဲ့သည်။
သူတို့သည် ဂူးဂဲလ်တွင် အများပြည်သူရယူနိုင်သော အချက်အလက်များကို အသုံးပြုလျက် အွန်လိုင်းလူမှုရေးကွန်ရက်များကို
အသုံးပြုသူများ၏ လှုပ်ရှားမှုအရွေ့သဘောကို ရှင်းပြရန် ရောဂါပျံ့နှံ့ပုံကို
ဖော်ပြသည့်ပုံစံအား အထူးပြုသုံးစွဲခဲ့သည်။ ၎င်းတို့၏ လေ့လာဖော်ပြချက်က
ကမ္ဘာတစ်လွှား၌ အသုံးပြုသူပေါင်း ၁ ဒသမ ၁ ဘီလျံရှိနေပြီး လာမည့်လတွင်
စတင်တည်ထောင်မှု ၁၀ နှစ်ပြည့်တော့မည့် Facebook အား ပူးတွဲ ထူထောင်သူ
မက်ဇက္ကာဘတ်အတွက် မသက်မသာဖြစ်သွားစေသည်ဟု ဆိုသည်။
သူတို့၏ လေ့လာချက်အရ၏ ရှယ်ယာသည် ယခုသီတင်းပတ်အတွင်း ဒေါ်လာ ၅၈ ဒသမ ၅၁ သို့ မြင့်တက်သွားသော်လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်းအတွင်း အချက်အလက်အသုံးပြုမှုကျဆင်းခြင်း နှင့်
ကြုံတွေ့ရကြောင်း သိရသည်။ Facebook သည် လာမည့်နှစ်များအတွင်း
အလျင်အမြန်ကျဆင်းလာဖွယ်ရှိရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာသို့ အရောက်တွင်
ရာခိုင်နှုန်း ၂၀ ကျဆင်းသွားမည်ဟု အွန်လိုင်းရှိ ArXiv.org. တွင်
ဖော်ပြထားသော အစီရင်ခံစာအရ သိရသည်။ Facebook သည် ဆက်တိုက်ကျဆင်းလာဖွယ်
ရှိပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကြားတွင် အမြင့်ဆုံးအသုံးပြုသည့်
အရေအတွက် ရာခိုင်နှုန်း ၈၀ ဆုံးရှုံးရလိမ့်မည်ဟု ဆိုသည်။ သို့သော်
ယခုလက်ရှိတွင် Facebook ၏ ကံကြမ္မာသည် ကောင်းမွန်လျက်ရှိပြီး ဇက္ကာဘတ်သည်လည်း
အမေရိကန်ဒေါ်လာ ၁၉ ဘီလျံခန့် ချမ်းသာလျက်ရှိကြောင်း သိရသည်။
from>>Eleven Media Group
ပရင်စတန်တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာနှင့် လေကြောင်း အာကာသအင်ဂျင်နီယာပညာတို့ဖြင့် ပါရဂူဘွဲ့ယူရန် ကျမ်းပြုနေသူနှစ်ဦးက သူတို့၏လေ့လာချက်စာတမ်းကို အွန်လိုင်း၌ ဖော်ပြခဲ့ခြင်း ဖြစ်သည်။
MySpace ၏ အတက်အကျအပေါ်တွင် အခြေခံ၍ ဂျွန်ကန်နာရယ်လာနှင့် ဂျိုရွှားစပက်ချယ်လာတို့ နှစ်ဦးက သမိုင်းတွင် အကြီးမားဆုံး အွန်လိုင်းလူမှုရေးကွန်ရက်ဖြစ်သေ
သူတို့သည် ဂူးဂဲလ်တွင် အများပြည်သူရယူနိုင်သော အချက်အလက်များကို အသုံးပြုလျက် အွန်လိုင်းလူမှုရေးကွန်ရက်များကိ
သူတို့၏ လေ့လာချက်အရ၏ ရှယ်ယာသည် ယခုသီတင်းပတ်အတွင်း ဒေါ်လာ ၅၈ ဒသမ ၅၁ သို့ မြင့်တက်သွားသော်လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်းအတွင်း အချက်အလက်အသုံးပြုမှုကျဆင်းခြင်း
from>>Eleven Media Group
No comments:
Post a Comment