ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်လုပ် အားပေးနေရ၍ စာမေးပွဲဖြေဆိုရန်ကျန်ရှိ
နေသည့်အဝေးသင်ကျောင်းသား၊ ကျောင်း သူ ၆ဝ ဦးကို ရန်ကုန်သထုံလမ်းရှိ အဝေး
သင်တက္ကသိုလ်တွင် သီးသန့်စာမေးပွဲပြန် လည် စစ်ဆေးပေးမည်ဟု ပညာရေးဝန်
ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ ဇန်နဝါရီ ၃ဝ ရက်နေ့မှ ဖေဖော် ဝါရီ ၇ ရက်နေ့အထိ စာမေးပွဲစစ်ဆေး
မည်ဖြစ်ပြီး ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများကို အမျိုးသားယဉ်ကျေး
မှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)က နေစရိတ် စားစရိတ်များ တာဝန်ယူပေး မည်ဟု
သိရသည်။ အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခ
(ပန်းချီ)ဦးအောင်ဆန်းဦးက ''နေထိုင်ဖို့ အခက်အခဲရှိသူတွေကို
စီစဉ်ပေးမှာပါ'' ဟု ပြောသည်။
အဝေးသင်တက္ကသိုလ်ဌာနခွဲ အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ ရန်ကုန်သို့လာရောက်ရမည်ဖြစ်သဖြင့် ထို သို့စီစဉ်ပေးခြင်းဖြစ်သည်ဟု၎င်းကဆိုသည်။
ယခုစာမေးပွဲသီးသန့် ဖြေဆိုကြမည့် ကျောင်းသားများ (၂၇)ကြိမ်မြောက် ဆီး ဂိမ်းပြိုင်ပွဲ ဖွင့်ပွဲပိတ်ပွဲနှင့် (၇)ကြိမ်မြောက် မသန်စွမ်းပြိုင်ပွဲဖွင့်ပွဲ ပိတ်ပွဲများတွင် အကဖြင့် ပါဝင်ကူညီခဲ့ကြသူများ ဖြစ်သည်။ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများထဲမှ အကူအညီရယူလိုသော သူများအနေဖြင့် အမျိုးသားယဉ် ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) မော်ကွန်းထိန်းဦးဇော်ဦး ဝ၁-၅၉ဝ၂၅၄၊ ဝ၉-၄၂ဝ၁ဝ၁၃၆၅ တို့သို့ ဆက်သွယ်နိုင် ကြောင်း ထပ်မံသိရသည်။
from Popular Myanmar
အဝေးသင်တက္ကသိုလ်ဌာနခွဲ အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ ရန်ကုန်သို့လာရောက်ရမည်ဖြစ်သဖြင
ယခုစာမေးပွဲသီးသန့် ဖြေဆိုကြမည့် ကျောင်းသားများ (၂၇)ကြိမ်မြောက် ဆီး ဂိမ်းပြိုင်ပွဲ ဖွင့်ပွဲပိတ်ပွဲနှင့် (၇)ကြိမ်မြောက် မသန်စွမ်းပြိုင်ပွဲဖွင့်ပွဲ ပိတ်ပွဲများတွင် အကဖြင့် ပါဝင်ကူညီခဲ့ကြသူများ ဖြစ်သည်။ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများထဲမှ အကူအညီရယူလိုသော သူများအနေဖြင့် အမျိုးသားယဉ် ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) မော်ကွန်းထိန်းဦးဇော်ဦး ဝ၁-၅၉ဝ၂၅၄၊ ဝ၉-၄၂ဝ၁ဝ၁၃၆၅ တို့သို့ ဆက်သွယ်နိုင် ကြောင်း ထပ်မံသိရသည်။
from Popular Myanmar
No comments:
Post a Comment