အမေရိကန်နိုင်ငံ တောင်ဘက်ပိုင်းမှာ မကြုံစဖူး
ဆီးနှင်း မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ပြီး ရေခဲနေတဲ့ လမ်းမတွေကြောင့်
အဝေးပြေး လမ်းမတွေနဲ့ ကျောင်းတွေ၊ ဘုရားကျောင်းတွေမှာ လူထောင်နဲ့ချီ
ပိတ်မိနေပါတယ်။ဂျော်ဂျီယာပြည်နယ်ကနေ လူဝီဆီယားနား ပြည်နယ်အထိ ပြည်နယ် ၅ခုမှာ အရေးပေါ် အခြေအနေ ကြေညာထားရပြီး လေဆိပ်တွေနဲ့ အဓိက ကားလမ်းတွေကို ပိတ်ထားလိုက်ပါတယ်။
ပုံမှန်အားဖြင့် နွေးထွးတဲ့ ရာသီဥတု ရှိတဲ့ အဲဒီနေရာတွေမှာ ဆီးနှင်းတွေ ထူထူထပ်ထပ် ကျခဲ့ပြီး သုညအမှတ်အောက် ၃၀ ဒီဂရီလောက် အပူချိန် ထိုးကျသွားခဲ့ရာမှာ လမ်းမတွေပေါ်ကနေ ဆီးနှင်း ဖယ်ရှားပေးတဲ့ ထွန်စက် ကားတွေနဲ့ နှင်းတွေ အရည်ပျော်သွားအောင် ဆားတွေ ဖြူးပေးတဲ့ ထရပ်ကားတွေ မြို့အတော်များများမှာ မရှိတဲ့အတွက် ကသောင်းကနင်း ဖြစ်သွားခဲ့ရပါတယ်။
ဒီကနေ့ ကြာသပတေးနေ့မှာလည်း နှင်းတွေ စဲသွားမဲ့ လက္ခဏာမျိုး မရှိဘူးလို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။
from>>BBC Burmese

No comments:
Post a Comment