ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇) လော်ခီးလာတပ်စခန်းတွင် ပြုလုပ်နေသော
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံတွင် ဆွေးနွေးမှုများ
မပြီးပြတ်လျှင် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းယန်း မြို့တွင်
ဆက်လက်ပြုလုပ်သွားရန် လျာထားသည်ဟု ညီလာခံတက်ရောက်လာသော ကရင်လက်နက်
ကိုင်အဖွဲ့အစည်းတစ်ခု၏ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
ဇန်န၀ါရီ ၂၀ ရက်မှ စတင်ကျင်းပသည့် ညီလာခံတွင် တိုင်းရင်းသားများ၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းကို အပြီးပြတ်ဆွေးနွေးနိုင်ခြင်းမရှိသေး၍
ယခုညီလာခံ သတ်မှတ်ရက်အတွင်း မပြီးပြတ်ပါက ဇန်န၀ါရီ ၂၅ ရက် နောက်ပိုင်းတွင်
မိုင်းယန်း၌ ဆက်လက်ပြုလုပ်ရန် လျာထားခြင်းဖြစ် သည်။ မိုင်းယန်းတွင်
ပြုလုပ်မည့် ညီလာခံသို့ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ကို လည်း
ထပ်မံဖိတ်ကြားသွားမည်ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးအဖွဲ့မှ
နည်းပညာအထောက်အ ကူပြုအဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးက
“ဘားအံဆွေးနွေးပွဲမတိုင်ခင် ဆွေးနွေးမှုတွေကတော့ ရှိနေမှာပဲ။ ဒါပေမဲ့
ညီလာခံတစ်ခုထပ်လုပ်ဖို့ဆိုတာတော့ 
လွယ်တာမှမဟုတ်တာ။ ညီလာခံတစ်ခုလုပ်ဖို့ဆိုတာ လနဲ့ ချီပြီး စီစဉ်ရတာ။
ဖေဖော်ဝါရီလကုန်မတိုင်ခင်မှာ တစ်ခုထပ်လုပ်ဖို့ဆိုတာ လွယ်တာတော့ မဟုတ်ဘူး”
ဟု မဇ္ဈိမကို ပြောသည်။
တိုင်းရင်းသားများအကြား အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို အချောသတ် ပြီးစီးသည်အထိ ဆွေး နွေးသွားရန် ရည်မှန်းထားပြီး ယခုညီလာခံတွင် မပြီးမြောက်ပါက နောက်ထပ်ညီလာခံတစ်ခုကို ထပ်ခေါ် ကာ ဆွေးနွေးသွားမည်ဖြစ်သည်ဟုလည်း NCCT ခေါင်းဆောင် မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာက ဆိုထားသည်။
အဆိုပါညီလာခံ ထပ်ခေါ်မည်ဆိုပါက ဘားအံတွင်ပြုလုပ်မည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များ တွေ့ဆုံပွဲသည်လည်း နောက်ဆုတ်သွားနိုင်သည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာ အရာရှိတစ်ဦးက မဇ္ဈိမသို့ ပြောသည်။
ယခုကျင်းပနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ
ညီလာခံကိုလည်း ဇန်န၀ါရီလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ ကျင်းပမည်ဟု
မူလကြေညာထားရာမှ Federal Army အသုံးအနှုန်းကို တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းများကြား ကွဲပြားနေမှုကြောင့် ညီလာခံကို ဇန်န၀ါရီ ၂၃
ရက်အထိ တစ်ရက် ထပ်တိုး ပြုလုပ်မည်ဟု ညီလာခံပြောရေးဆိုခွင့်ရှိသူ
မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်ဥက္ကာက ပြော ဆိုထားသည်။
“အခု တိုင်းရင်းသားတွေရဲ့ မူကြမ်းထဲမှာ ဒီနေ့သုံးချက်ကို တော်တော်ဆွေးနွေးလိုက်ရတယ်။ ဖက်ဒရယ် အာမီကို အစိုးရဘက် ပြောင်းဖို့ပြောတဲ့ ဖက်ဒရယ်ရေးရာဖွဲ့စည်းရေးဆိုတာ အရင်စာချုပ်ပါတဲ့ တိုင်းရင်း သားလက်နက်ကိုင် တော်လှန်ရေးကို အစိုးရဘက်က ဖြတ်ချင်တာရယ် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို စာချုပ်ရဲ့ နံပါတ်နှစ်နေရာမှာ ထားတာရယ် ဒါတွေပဲ”ဟု ၎င်းက ပြောသည်။
လက်ရှိဆွေးနွေးနေသော တိုင်းရင်းသားများ၏ တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရ ပ်စဲရေးမူကြမ်းကို
တစ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးရေး NCCT
အဖွဲ့ဝင်များ၏ လိုင်ဇာ တိုင်းရင်းသား ညီလာခံမှ ချမှတ်ထားသော မူများကို
အခြေခံကာ အကြမ်းရေးဆွဲပြီး ယခုညီလာခံတွင် တိုင်းရင်းသား များအကြား
ဖြန့်ပြီး ဆွေးနွေးခြင်းဖြစ်သည်။
from Mizzima
ဇန်န၀ါရီ ၂၀ ရက်မှ စတင်ကျင်းပသည့် ညီလာခံတွင် တိုင်းရင်းသားများ၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းကို အပြီးပြတ်ဆွေးနွေးနိုင်ခြင်းမရိ
အဆိုပါကိစ္စနှင့်ပတ်သက်၍ အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင
တိုင်းရင်းသားများအကြား အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို အချောသတ် ပြီးစီးသည်အထိ ဆွေး နွေးသွားရန် ရည်မှန်းထားပြီး ယခုညီလာခံတွင် မပြီးမြောက်ပါက နောက်ထပ်ညီလာခံတစ်ခုကို ထပ်ခေါ် ကာ ဆွေးနွေးသွားမည်ဖြစ်သည်ဟုလည်း NCCT ခေါင်းဆောင် မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာက ဆိုထားသည်။
အဆိုပါညီလာခံ ထပ်ခေါ်မည်ဆိုပါက ဘားအံတွင်ပြုလုပ်မည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များ တွေ့ဆုံပွဲသည်လည်း နောက်ဆုတ်သွားနိုင်သည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာ အရာရှိတစ်ဦးက မဇ္ဈိမသို့ ပြောသည်။
ယခုကျင်းပနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မ
“အခု တိုင်းရင်းသားတွေရဲ့ မူကြမ်းထဲမှာ ဒီနေ့သုံးချက်ကို တော်တော်ဆွေးနွေးလိုက်ရတယ်။ ဖက်ဒရယ် အာမီကို အစိုးရဘက် ပြောင်းဖို့ပြောတဲ့ ဖက်ဒရယ်ရေးရာဖွဲ့စည်းရေးဆိုတာ အရင်စာချုပ်ပါတဲ့ တိုင်းရင်း သားလက်နက်ကိုင် တော်လှန်ရေးကို အစိုးရဘက်က ဖြတ်ချင်တာရယ် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို စာချုပ်ရဲ့ နံပါတ်နှစ်နေရာမှာ ထားတာရယ် ဒါတွေပဲ”ဟု ၎င်းက ပြောသည်။
လက်ရှိဆွေးနွေးနေသော တိုင်းရင်းသားများ၏ တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရ
from Mizzima
No comments:
Post a Comment