Friday, January 24, 2014

ခါးပိုက်နှိုက်(၄)ဦး ဖမ်းဆီးရမိ

၂၃.၁.၂၀၁၄ ရက်နေ့ ၁၂၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်များ ဖမ်းဆီးရမိရေးအတွက် လှိုင်မြို့နယ်၊ အင်းစိန်လမ်း၊ သံလမ်းကားမှတ်တိုင် တွင် သတင်းစုံစမ်းနေစဉ် ယာဉ်လိုင်းအမှတ်(၂၂၆)ပေါ်မှဆင်းလာသည့်
ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူများဖြစ်သော သာကေတမြို့နယ်နေ အထစ်(ခ)အေးလွင်(ဘ) ဦးတင်ရွှေ၊ တွံတေးမြို့နယ်နေ မောင်ကျော်(ခ)မောင်ဦး (ဘ) ဦးတင်စိုး၊ လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် သိုက်စိုးထွန်း(ဘ)ဦးသိန်းအောင်နှင့် ဥာဏ်ထွန်း (ဘ) ဦးအောင်သန်း တို့(၄)ဦးအားတွေ့ရှိသဖြင့် ရှာဖွေစစ်ဆေးရာ သိုက်စိုးထွန်း၏ကျောပိုးအိတ်အတွင်းမှ ငွေကျပ်(၄၇၀၀၀)အားတွေ့ရှိရပါသည်။

အဆိုပါငွေများနှင့်ပတ်သက်၍စစ်မေးရာ ၎င်းတို့(၄)ဦးသည် အင်းစိန်လမ်း၊ ဘုရားလမ်းမှတ်တိုင်မှ စီးနင်းလိုက်ပါလာခဲ့ကာ ဘာတာမှတ်တိုင်အရောက် တွင် ယာဉ်ပေါ်မှဆင်းရန်ပြင်နေသည့် အမျိုးသမီးတစ်ဦး၏ ဆလင်းဘက် အိတ်အား သိုက်စိုးထွန်း၊ဥာဏ်ထွန်း၊မောင်ဦးတို့မှလူကာပေးပြီးအေးလွင်မှ
နှိုက်ယူရရှိခဲ့သည့်ငွေများဖြစ်ကြောင်းပေါ်ပေါက်သဖြင့် ၎င်းတို့အား လှိုင်မြို့မရဲစခန်း(ပ)၄၃/၂၀၁၄၊ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
from Yangon Police

No comments:

Post a Comment