ထိုင်းနိုင်ငံတွင် လက်ရှိဖြစ် ပွားနေသော နိုင်ငံရေးဆန္ဒပြမှုများ ကြောင့်
ဗီဇာသက်တမ်းပြည့်မြန်မာ အလုပ်သမားများအတွက် အစိုးရ
ချင်းညှိနှိုင်းဖြေရှင်းရန် အခက်အခဲ များရှိကြောင်း အလုပ်သမား၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က
ပြောသည်။
အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် သုခစုစံ
ကုမ္ပဏီတို့ ယနေ့ပူးပေါင်း ပြုလုပ်သော ပြည်ပအလုပ်အကိုင် ပြပွဲဖွင့်
ပွဲအခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ပြောကြားခဲ့ ခြင်းဖြစ်သည်။
''ထိုင်းမှာလည်း လေးနှစ်ဗီဇာ ပြည့်နေတဲ့ အလုပ်သမားတွေရှိနေ တယ်။ ဘာမှမလုပ်ပေးဘူးလို့ပြော နေကြတယ်။ တကယ်တမ်းကျ တော့ အားလုံးစီစဉ်ပြီးသား။ ထိုင်း နိုင်ငံရဲ့ လက်ရှိအခြေအနေအရ အလုပ်တွေ ဆက်မလုပ်နိုင်တဲ့အနေ အထားရှိတယ်။ ကျွန်တော်တို့ရဲ့ Agreement ကို ကတ်ဘိနက်တင် မယ့်ဟာပျက်သွားတဲ့အတွက် နား လည်ပေးဖို့
ပြောထားပါတယ်။ဗီဇာကုန်အလုပ်သမား တွေ
အဖမ်း မခံရအောင် ကျွန်တော်တို့ကတရား ဝင်ပြောထားတယ်။ G to G (Government to
Government ) ညှိနှိုင်း ထားပေမယ့် ဒေသခံတွေ၊ လူမိုက် ဂိုဏ်းတွေ၊
ငွေညှစ်နေတဲ့သူတွေရှိ တယ်။ အဲဒါကျွန်တော်တို့ ခံနေရ တာ'' ဟု
ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။
ထိုင်းနိုင်ငံနှင့် အလုပ်ခန့်ထား ရေးသဘောတူစာချုပ်အရ စိစစ် ခန့်ထားသည့် မြန်မာအလုပ်သမား ဦးရေ ၃၆၆၅ဝရှိကြောင်း ထိုင်း နိုင်ငံအလုပ်သမားဝန်ကြီးဌာနအလုပ် အကိုင်ခန့်ထားရေးဌာန၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်တွင်းရှိ အလုပ်သမားညွှန် ကြားမှုဦးစီးဌာန၏အဆိုအရ ထိုင်း နိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိ သည့် မြန်မာရွှေ့ပြောင်းအလုပ် သမားစုစုပေါင်း နှစ်သန်းကျော်ရှိ သည်။
from>>The Union Daily
အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် သုခစုစံ
ကုမ္ပဏီတို့ ယနေ့ပူးပေါင်း ပြုလုပ်သော ပြည်ပအလုပ်အကိုင် ပြပွဲဖွင့်
ပွဲအခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ပြောကြားခဲ့ ခြင်းဖြစ်သည်။
''ထိုင်းမှာလည်း လေးနှစ်ဗီဇာ ပြည့်နေတဲ့ အလုပ်သမားတွေရှိနေ တယ်။ ဘာမှမလုပ်ပေးဘူးလို့ပြော နေကြတယ်။ တကယ်တမ်းကျ တော့ အားလုံးစီစဉ်ပြီးသား။ ထိုင်း နိုင်ငံရဲ့ လက်ရှိအခြေအနေအရ အလုပ်တွေ ဆက်မလုပ်နိုင်တဲ့အနေ အထားရှိတယ်။ ကျွန်တော်တို့ရဲ့ Agreement ကို ကတ်ဘိနက်တင် မယ့်ဟာပျက်သွားတဲ့အတွက် နား လည်ပေးဖို့
ပြောထားပါတယ်။ဗီဇာကုန်အလုပ်သမား
ထိုင်းနိုင်ငံနှင့် အလုပ်ခန့်ထား ရေးသဘောတူစာချုပ်အရ စိစစ် ခန့်ထားသည့် မြန်မာအလုပ်သမား ဦးရေ ၃၆၆၅ဝရှိကြောင်း ထိုင်း နိုင်ငံအလုပ်သမားဝန်ကြီးဌာနအလုပ
ပြည်တွင်းရှိ အလုပ်သမားညွှန် ကြားမှုဦးစီးဌာန၏အဆိုအရ ထိုင်း နိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိ သည့် မြန်မာရွှေ့ပြောင်းအလုပ် သမားစုစုပေါင်း နှစ်သန်းကျော်ရှိ သည်။
from>>The Union Daily
No comments:
Post a Comment