Thursday, January 30, 2014

ရန်ကုန်တိုင်းဒေသကြီးကနေ ဧရာဝတီတိုင်းဒေသကြီး အထွက် ပန်းတိုင်တံတားအနီးမှာ ယာဉ်နှစ်စီး တိုက်မှုဖြစ်ပြီး မီးလောင်ကျွမ်းခဲ့

ရန်ကုန်တိုင်းဒေသကြီးကနေ ဧရာဝတီတိုင်းဒေသကြီး အထွက် ပန်းတိုင်တံတားအနီးမှာ ယာဉ်နှစ်စီး တိုက်မှုဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။ ရန်ကုန်ကနေ ဟင်္သာတကို မောင်းနှင်လာတဲ့ ခရီးသည်တင် လေအိတ်ကား မေတ္တာရှင်နဲ့ ညောင်တုန်းဘက်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ ကြက်တွေ တင်ဆောင်လာတဲ့ ကုန်တင်ကားကို ရန်ကုန်တိုင်းအထွက် ပန်တိုင်ကျေးရွာ ပန်တိုင်တံတားအနီးမှာ ဇန်နဝါရီ ၃ဝ ရက် နေ့လည် ၁၂ နာရီကျော်လောက်က
မျက်နှာချင်းဆိုင် ၀င်တိုက်မိခဲ့တာပါ။ ကား ၂ စီးလုံးရဲ့ ယာဉ်မောင်း နှစ်ဦးစလုံး ဒဏ်ရာရရှိခဲ့သလို ခရီးသည်တစ်ဦး မီးလောင် ဒဏ်ရာရရှိခဲ့တယ်လို့ အတူ လိုက်ပါစီးနင်းတဲ့ ခရီးသည်တဦးက ပြောပါတယ်။

from>>DVB TVnews

No comments:

Post a Comment