Monday, January 27, 2014

သဘာဝ”ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်မှုကြောင့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသောCNG ယာဉ်များ အခက်အခဲဖြစ်ပေါ်

ဇန်နဝါရီ ၂၆ ရက်က ညောင်တုန်းရွာမ ၁၄ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကြောင့် CNG အရောင်းဆိုင်များသို့ ဓာတ်ငွေ့ပို့လွှတ်ရန် အခက်ခဲဖြစ်ပေါ်ခဲ့သည့်အတွက် CNG သုံး ယာဉ်အချို့ ဓာတ်ငွေ့ ပြည့်ရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသဖြင့် ခရီးသွားလာမှုအပေါ် နာရီပေါင်းများစွာ ရိုက်ခတ်မှုဖြစ်ပေါ်ခဲ့ သည်ဟု သိရသည်။
ပိုက်လိုင်းပြုပြင်ခြင်းလုပ်ငန်းကြောင့် သဘာဝဓာတ်ငွေ့အရောင်းဆိုင် ၂၃ ဆိုင်ကို ပုံမှန်အတိုင်းဖြန့်ဖြူးပေး နိုင်ခဲ့သော်လည်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် ၁၇ ဆိုင်ကို ဖြန့်ဖြူးရောင်းချမှု ရပ်ဆိုင်းခဲ့ရ ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ ဓာတ်ငွေ့ပို့လွှတ်မှု အခက်အခဲဖြစ်ပေါ်နေစဉ်အချိန်အတောအတွင်း ခရီးသည်တင်ယာဉ်အချို့နှင့် အငှားယာဉ်အချို့မှာ ရပ်နားထားခဲ့ရပြီး ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းအထိ

ယာဉ်အစီးရေအပြည့်ပြေးဆွဲနိုင်ခြင်း မရှိသဖြင့် မှတ်တိုင်များတွင် ခရီးသည်များ အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေကြရကြောင်း ယာဉ်အစီးရေနှင့် ခရီးသည် မမျှတမှုကြောင့် ခရီးသည်တင်ယာဉ်များအပေါ် ယခင်ကထက် ပိုမိုပြည့်သိပ်စွာ သယ်ဆောင်မှုများ ရှိခဲ့သည်ဟု ခရီးသွားများနှင့် ယာဉ်လုပ်သားများက ပြောသည်။
ဒီမနက်ဘဲ ပြင်ဆင်မှုတွေလုပ်ပြီးပါပြီ။ ဒီဖြစ်စဉ်အတွက်ကို သက်ဆိုင်ရာဆိုင်တွေမှာ ကြိုတင်အသိပေး ချက်တွေ ထုတ်ပြန်ပေးထားခဲ့သလို အများပြည်သူသိရှိအောင် ဒီနေ့လည်း နိုင်ငံပိုင်သတင်းစာနဲ့ ဝက်ဆိုက်များ လည်း တင်ထားပါတယ် ဟု စွမ်းအင်ဝန်ကြီးဌာနရုံးအဖွဲ့မှူး ရုံးခန်းမှ တာဝန်ရှိသူက NewsWatch ၏ ဆက်သွယ် မေးမြန်းချက်အပေါ် ဖြေကြားခဲ့သည်။
အဆိုပါသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ သဘာဝအလျောက် သံချေးစားမှုကြောင့် ယိုစိမ့်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ် ကာ ဇန်နဝါရီမနက် ၇ နာရီတွင် ပြင်ဆင်မှုပြီး၍ သဘာဝဓာတ်ငွေ့အရောင်းဆိုင်အားလုံးသို့ ပြန်လည်ဖြန့်ဖြူး ပေးနိုင်ခဲ့သည်ဟု သိရသည်။
ညကပိတ်ထားတဲ့ဆိုင် ၁၇ ဆိုင်လည်း ဒီနေ့ပြန်ပေးနေပြီလို့ သိရတယ်။ လိုင်းမထွက်တဲ့ကားတော့ မရှိပါ ဘူး။ ညက အဲဒီလို အခက်အခဲဖြစ်သွားလို့ ဂတ်ထည့်ရတဲ့အချိန်နောက်ကျပြီး ဂိတ်ထွက်ချိန်ပါ နောက်ကျသွား တဲ့အတွက် ဒီမနက် သွားလာရေး ခက်ခဲသွားတာပါ။ ဒီနေ့လယ်မှာ ပုံမှန်ပြန်ဖြစ်သွားပါပြီ ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
ယိုစိမ့်မှုဖြစ်ပေါ်ခဲ့သော ပိုက်လိုင်းများ ရန်ကုန်မြို့ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဆိုင်များသို့ အဓိက ပို့လွှတ်သော ပိုက်လိုင်းတစ်ခုဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက် မနက် ၇ နာရီခန့်က ထိုသို့ ယိုစိမ့်မှုဖြစ်ပေါ်ခြင်းဖြစ် သည်။
from>>News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment