အမေရိကန် အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ (NSA) ၏ အမှုထမ်းဟောင်း
တစ်ဦးဖြစ်သူ အက်ဒ်ဝပ် စနိုဒန်သည် စကော့တလန် နိုင်ငံရှိ ဂလက်စဂို တက္ကသိုလ် ပါမောက္ခချုပ် ရာထူးအတွက် ကိုယ်စားလှယ်လောင်း
တစ်ဦးအဖြစ်ဝင်ရောက် ရွေးချယ်ခံခဲ့ကြောင်း ၎င်းတက္ကသိုလ်က ဇန်နဝါရီ ၂၂ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယခုအခါ ရုရှားနိုင်ငံတွင် နိုင်ငံရေး ခိုလှုံနေသော စနိုဒန်သည် စက်ဘီးစီးသမား Graeme Obree ၊ စာရေးဆရာ အလန်းဘစ်စတ်နှင့် ခရစ်ယာန်ဘုန်းတော်ကြီး ကီဗင် ဟိုးဒ်ဝေါ့သ်တို့အား ကျော်ဖြတ်၍ ယင်းတက္ကသိုလ် ရှိ ကျောင်းသားများက ယင်းကဲ့သို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် စနိုဒန်သည် ဂလက်စဂို တက္ကသိုလ်၏ ပါမောက္ခချုပ် အသစ် အဖြစ်ပါဝင် ရွေးချယ်ခံရန် ကျောင်းသားများ၏ ဖိတ်ကြားချက်ကိုလည်း လက်ခံ ခဲ့ကြောင်းနှင့် ၎င်းအား ယင်းကဲ့သို့ ရွေးချယ်မှုသည် အမေရိကန် လျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်များကို ရဲရင့်ပြတ်သား စွာဖွင့်ဟ ဝန်ခံခဲ့မှုအတွက် ၎င်းတို့၏ ချီးကျူး လေးစား မှုကို ပြသရန်ဖြစ်ကြောင်း ၎င်းတက္ကသိုလ်မှ ကျောင်းသားများက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁၇ရက်နှင့် ၁၈ရက်များတွင် ကျင်းပမည့် အဆိုပါ တက္ကသိုလ်၏ ပါမောက္ခချုပ် အသစ် ရွေးချယ်ပွဲ အခမ်းအနားတွင် ပါဝင် ရွေးချယ်ခံကြရန် အတွက် ကိုယ်စားလှယ်လောင်း အားလုံးက သဘော တူညီခဲ့ကြောင်း သိရသည်။ ဂလက်စဂို တက္ကသိုလ်၏ လက်ရှိပါ မောက္ခချုပ်မှာ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီမှ ခေါင်းဆောင် ဟောင်း ချာလီခ်ကီနီဒီ ဖြစ်ကြောင်း သိရသည်။
from မြ၀တီ

No comments:
Post a Comment