Tuesday, January 28, 2014

ဝန်ကြီးဌာန ၂၁ ခု ကျပ်သန်းငါးသိန်းကျော် အကြွေးတင်

ဝန်ကြီးဌာန ၂၁ ခုသည် နိုင်ငံတော် ဘဏ္ဍာငွေသို့ ပေးသွင်းရန် နှစ် အဆက်ဆက်မှ ကျန်ရှိနေသည့် အကြွေးပေါင်း ကျပ်သန်းငါးသိန်းကျော် (၅၄၅၃၃၇ ဒသမ ၅၁၂ သန်း) ရှိကြောင်း ပြည်ထောင်စု လွှတ်တော် ပူးပေါင်း ငွေစာရင်း ကော်မတီက ယနေ့ ဇန်နဝါရီလ ၂၈ ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြချက်အရ သိရသည်။

ယင်းအကြွေးစာရင်းမှာ ပြည်ထောင်စု စာရင်းစစ်ချုပ်၏ စစ်ဆေးချက်များအပေါ် စိစစ် သုံးသပ်ထားခြင်း ဖြစ်ကြောင်း ငွေစာရင်း ကော်မတီဝင် ဦးအောင်ချိုဦးက ပြောကြားသည်။
အဆိုပါ ကြွေးကျန်များသည် ဌာနဆိုင်ရာ အချင်းချင်းရရှိရန် ကျန်ငွေ အပါအဝင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများမှ ရရန်ကျန်ရှိသော ငွေများ ပါဝင်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးချက်များအရ သိရသည်။အဆိုပါ ကြွေးကျန်များသည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအထိ စစ်ဆေးတွေ့ရှိချက်များ ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီအဖွဲ့ဝင်တို့က ဆိုသည်။

from>>The Voice Weekly

No comments:

Post a Comment