Tuesday, January 28, 2014

ကျန်ရှိ နိုင်/ကျဉ်း များ အရေး လက်ကျန်နိုင်ငံရေး အကျဉ်းသားကော်မတီ ယခုလအတွင်း ဆွေးနွေးရန် စီစဉ်ထားသော်လည်း ယခုအထိ အစည်း အဝေးမပြုလုပ်နိုင်

 ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် အတွက် လက် ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအ ဝေးကို ဇန်န၀ါရီလ အတွင်း ပြုလုပ် ရန် ကော်မတီအတွင်း သဘောတူညီထားသော်လည်း ယခုအချိန် အထိ ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိ စစ်ရေးကော်မတီဝင်များထံမှ သိရသည်။

လက်ကျန်နိုင်ငံရေး အကျဉ်း သားများစိစစ်ရေးကော်မတီ အား ဇန်န၀ါရီလ တွင်းကပြု လုပ်ရန်ကော်မတီဝင်များအား ဖိတ်ကြားထားသော် လည်း ပြုလုပ်နိုင်ခြင်း မရှိဘဲအစည်းအ ဝေးပျက်ယွင်းခဲ့သည်မှာ သုံး ကြိမ်ရှိပြီးဖြစ်ကာ ပြုလုပ်မည့်အ စည်းအဝေးတွင်လည်း လွတ် မြောက်ရန် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသား ၃၃ဦးအ တွက် ကော်မတီမှ တာဝန်ရှိ သူများနှင့် ညှိနှိုင်းဆွေးနွေးသွား မည်ဖြစ်သော်လည်း ယခုလအ တွင်း ကော်မတီအစည်းအဝေး ပြုလုပ်မည်မဟုတ်ကြောင်း ကော် မတီဝင်များ၏ပြောကြားချက် အရ သိရသည်။

ကော်မတီဝင် ဦးရဲအောင် က ““ဒီလ ထဲမှာမလုပ်ဖြစ်တော့ ဘူး။ ဘာလို့လဲ ဆိုတော့ ၀န် ကြီးခရီးသွားနေလို့။ နောက်အ ပတ်လောက် မှ ပြန်ရောက်မယ် ဆိုတော့ မလုပ်ဖြစ်တာ သေချာ တယ်””ဟု အတည်ပြုပြောကြား သည်။

ကော်မတီဝင်တစ်ဦးဖြစ် သူဦးစိုင်းညွန့်လွင်က ““လုပ်မယ် ဆိုပြီး မေးလ် ပို့တယ်။ ပြီးရင် ပျက်သွားတယ်။ ဘာကြောင့် ပျက်တယ်ဆိုတာလဲမသိ ရဘူး”” ဟုပြောကြားသည်။

ကျန်ရှိနိုင်ငံရေးအကျဉ်းသား ၃၃ဦးသည် ကော်မတီမှ နိုင်ငံရေး အကျဉ်းသား အဖြစ် အတည်ပြုထားပြီးဖြစ်သော် လည်း နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်း သာခွင့်တွင် ပါဝင်လာခြင်းမရှိဘဲ ပြစ်ဒဏ် ဆက်လက်ကျ ခံနေရခြင်းဖြစ် ကာထိုသို့ ကျန်ရှိနေသူများ သည်နှစ်ရှည်လများ ပြစ်ဒဏ် ချခံထားရသူများဖြစ်ပြီး အချို့ သူများသည် တစ်သက်တစ် ကျွန်းအထိပြစ်ဒဏ်ချခံထား ရကြောင်း၊ သမ္မတမှ ဇန်န၀ါရီ ၂ရက်က ထောင်တွင်းရှိအကျဉ်း သားများအား ပြစ် ဒဏ်လျှော့ ပေါ့မှုပေး ခဲ့သော် လည်း ၎င်းင်းတို့ အနေဖြင့် နှစ်ရှည် ဆက်လက် ကျခံရဦး မည်ဖြစ်ကြောင်း ကော် မတီဝင်များ၏ ပြောကြားချက် အရ သိရသည်။

ဦးရဲအောင်က ““ဒီလူတွေ နဲ့ပတ်သက်တာကို ၀န်ကြီးပဲ ပြောနိုင်တယ်။ ဒါကြောင့် ကျွန် တော်တို့ အစည်းအဝေးကို စောင့်မယ်။ ပြီးမှ လုပ်စရာရှိတာ ဆက်လုပ်သွားမယ်””ဟု ပြော ကြားသည်။

လက်ကျန်နိုင်ငံရေးအ ကျဉ်းသားများစိစစ်ရေးကော် မတီအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ အတွင်းက နှစ်ပတ်တစ်ကြိမ် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဆက် လက်၍ တစ်လတစ်ကြိမ်အ စည်းအဝေးပြုလုပ်ရန် ကော်မတီ အတွင်း သဘောတူညီချက်ရ ထားပြီဖြစ်ကြောင်း သိရသည်။

လက်ကျန်နိုင်ငံရေးအ ကျဉ်းသားများ စိစစ်ရေး ကော်မ တီအား သမ္မတ၏ညွှန်ကြား ချက် ဖြင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စတင်ဖွဲ့ စည်းခြင်းဖြစ် သည်။

from>>Yangon Media Group

No comments:

Post a Comment