Thursday, January 30, 2014

ဂျက်စတင်ဘီဘာကို အမေရိကန်မှ နှင်ထုတ်ရန် အများအပြားထောက်ခံ


ဂျင်စတင်ဘီဘာကို အမေရိကန် အစိုးရ အနေဖြင့် နိုင်ငံအတွင်းမှ နှင်ထုတ်ရန် သင့်မသင့် စဉ်းစားရမည့် အကြောင်းမျိုး ပေါ်ပေါက်လာပြီ ဖြစ်သည်။ အမေရိကန် နိုင်ငံ အစိုးရက တရားဝင်ဖွင့်လှစ်ပေးထားသည့် ပြည်သူ့ဟစ်တိုင် ဝက်ဘ်ဆိုက်ဖြစ်သော We The Peopleတွင် ဘီဘာ၏ Green Cardကို ရုပ်သိမ်းပြီး နိုင်ငံအတွင်းမှ နှင်ထုတ်ပေးပါရန် ဝိုင်းဝန်းတောင်းဆိုသူ အရေအတွက် (၁၀၀၀၀၀) ကျော်လွန်သွားပြီ ဖြစ်သည်။ ကနေဒါ လူငယ် Popဂီတ အဆိုတော် အနေဖြင့် နိုင်ငံ၏ လုံခြုံရေးကို ထိပါးနှောင့်ယှက်မှု မရှိသော်လည်း အမေရိကန် လူငယ်များအပေါ် ဆိုးရွားသော လွှမ်းမိုးမှုမျိုး ဖြစ်ပေါ်နိုင်စေသဖြင့် ၎င်းကို နိုင်ငံအတွင်းမှ နှင်ထုတ်ပေးပါရန် တောင်းဆိုမှု တစ်ခုကို စတင်ခဲ့ပြီးနောက် ရက်အနည်းငယ်အတွင်း ပါဝင်ထောက်ခံသူ (၁၀၀၀၀၀) ကျော်လွန်သွားခြင်း ဖြစ်သည်။

စည်းမျဉ်းများအရ အိမ်ဖြူတော် အနေဖြင့် လူ(၁၀၀၀၀၀)အထက် စုရုံးတောင်းဆိုမှုများတွင် ကြားဝင်ဖြေရှင်းရမည့် အခြေအနေ ရှိနေသည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က မီယာမီတွင် အရက်သေစာ သောက်စားပြီး ကားမောင်းခဲ့မှုဖြင့် စွဲချက်တင် ထိန်းသိမ်းခံခဲ့ရသည့် ပြဿနာနောက်ပိုင်း ယခုကဲ့သို့ ဘီဘာအပေါ် မလိုလားသူ ပမာဏ မြင့်မားလာခြင်း ဖြစ်သည်။ အမေရိကန် အစိုးရသည် ရက်ပေါင်း(၃၀)အတွင်း လူ(၁၀၀၀၀၀)ကျော် ဆန္ဒပြုသည့် အသနားခံမှုမျိုးကို စဉ်းစားဆောင်ရွက်ပေးမည်ဟု ကတိပြုထားရာ ဘီဘာကို နှင်ထုတ်ရေးအတွက် တောင်းဆိုမှုသည် (၆)ရက်အတွင်း ထိုပမာဏသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ အမေရိကန်တွင် (၂၀၁၂)ခုနှစ်က ပီယာ့စ်မော်ဂန်ကို နှင်ထုတ်ပေးပါရန် အလားတူ တောင်းဆိုမှုတစ်ခုကို အစိုးရက လေ့လာဆန်းစစ်ဖူးသော်လည်း အောင်မြင်မှု မရှိခဲ့ဘဲ ယနေ့တိုင် ဘာဗလီဟေးလ်စ်တွင် ၎င်း၏ မိသားစုနှင့်အတူ နေထိုင်နေဆဲ ဖြစ်သည်။
from>>Planet Myanmar Network

No comments:

Post a Comment