Thursday, January 30, 2014

နေရှင်နယ်လိဂ် ပွဲစဉ်များကို Channel 7 မှ တိုက်ရိုက်ပြမည်

၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို အများပြည်သူ ကြည့်ရှုအားပေးနိုင်ရန်အတွက် အခမဲ့ရုပ်သံ လိုင်းဖြစ်သော Channel 7 ရုပ်သံလိုင်းတွင် တိုက်ရိုက်ထုတ်လွှင့် ပြသမည် ဖြစ်သည်။

“ရုပ်သံထုတ်လွှင့်ခွင့်အတွက် ညှိနှိုင်းအစည်းအဝေးကို ဇန်န၀ါရီ ၂၉ ရက်က လုပ်ခဲ့ပါတယ်။ အားလုံးညှိနှိုင်း မှုအရ ပွဲစဉ်တွေကို Channel 7 ကပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ပတ်ကိုနှစ်ပွဲနှုန်းနဲ့ တိုက်ရိုက်ထုတ်လွှင့် ပြသပေးသွားမှာပါ” ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က မဇ္ဈိမသို့ပြော သည်။

တစ်ပတ်လျှင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်ခြောက်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး တစ်ပတ်ပွဲစဉ် နှစ်ပွဲနှုန်းဖြင့်Channel 7 ရုပ်သံလိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်ပြသရန် ဇန်ဝါရီ ၂၉ ရက်ပြုလုပ်ခဲ့သည့် ရုပ်သံထုတ်လွှင့် ခွင့် ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

from>>Mizzima

No comments:

Post a Comment