Wednesday, January 22, 2014

ဝက်စ်ဘရွန်း တိုက်စစ်မှူး နီကိုလပ်စ် အနယ်ကာ

ဝက်စ်ဘရွန်း တိုက်စစ်မှူး နီကိုလပ်စ် အနယ်ကာဟာ ၀က်စ်ဟမ်းအသင်းကို ဂိုးသွင်းအပြီး အောင်ပွဲခံစဉ် လုပ်ပြခဲ့တဲ့ နာဇီဆန်တဲ့ quenelle အမူအရာကြောင့် အက်ဖ်အေရဲ့ စွဲချက်ကို ရင်ဆိုင်နေရပြီး အဲဒီစွဲချက်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အကယ်၍ အက်ဖ်အေက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ရင် အနယ်ကာဟာ အနည်းဆုံး ပွဲ ၅ ပွဲနဲ့အထက် အပယ်ခံရဖို့ ရှိပါတယ်။

သူ့ရဲ့ အောင်ပွဲခံတဲ့ အမူအရာကြောင့် ပြီးခဲ့တဲ့ရက်က ၀က်စ်ဘရွန်း အသင်းရဲ့ ကြော်ငြာစပွန်ဆာ Zoopla က နောက်ရာသီတွေအတွက် စာချုပ် ထပ်မချုပ်တော့သလို၊ တခြား စပွန်ဆာတွေကလည်း ၀က်စ်ဘရွန်းအသင်းနဲ့ ဆက်လက် ဆက်ဆံရေးအတွက် စဉ်းစားနေကြပြီလို့ ဆိုပါတယ်။

BBC

No comments:

Post a Comment