ရွှေအတုနှင့်လဲလှယ်ယူသွားသူများအား အရေးယူ
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၇ ရက်နေ့ နံနက် ၉ အချိန်တွင် မကွေးတိုင်းဒေသကြီး၊
ရေနံချောင်းမြို့၊ မြို့တောင်ရပ်ကွက်ရှိ ရွှေဆိုင်သို့
အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးရောက်ရှိလာပြီး ရွှေဝယ်ချင်၍
လွင်မိုးကြိုး(ဘက်ကြိုး)အလေးချိန်(၅)ပဲ၊(၄)ရွေး၊
တန်ဘိုးငွေကျပ်(၂၆၀၀၀၀ိ/-)အား ပြသရန်ပြောသဖြင့် ဈေးရောင်းသူမအိအိအောင်မှ
လွင်မိုးကြိုးအားထုတ်ပြခဲ့သည်။ ထိုသို့ ပြသနေစဉ်
အခြားဆွဲကြိုးတစ်ကုံးကိုပါပြပေးရန်ပြောသဖြင့် ထပ်မံထုတ်ပြရာ ၎င်းတို့(၂)ဦးမှ
နောက်ထုတ်ပြသော ဆွဲကြိုးအားယူမည်ဟုပြောဆိုသဖြင့်
ဆိုင်အတွင်းသို့သွား၍ရွှေချိန်နေစဉ် အဆိုပါသူ (၂)ဦးမှာ
ရွှေမ၀ယ်ဘဲထွက်သွားခဲ့ပြီးနောက် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးဝင်းနိုင်က
ရွှေဆိုင်သိမ်းချိန်တွင် ရွှေထည် ပစ္စည်းများစစ်ဆေးရာ
လွင်မိုးကြိုးဆွဲကြိုးမှာအတုဖြစ်နေကြောင်းတွေ့ရှိရသည့်အပြင်
ဆိုင်တွင်တပ်ဆင် ထားသော CCTV တွင်လည်း ၎င်းတို့(၂)ဦးမှ
ရွှေဆွဲကြိုးအားလဲသွားကြောင်းတွေ့ရှိရသည်။ ထို့နောက် ဇန်န၀ါရီလ ၂၁ ရက်နေ့
နေ့လည် ၁ အချိန်တွင် ထိုသူ(၂)ဦးထပ်မံရောက်ရှိလာပြီး လက်စွပ်
ဝယ်လိုကြောင်းပြောစဉ် မအိအိအောင်မှမှတ်မိ၍ ဆိုင်ပိုင်ရှင်အားအသိပေးပြီး
ရေနံချောင်းမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့သဖြင့်
ရေနံချောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး
၎င်းတို့(၂)ဦးအားစစ်မေးရာ ရွှေလိမ်လည်သူ(၂)ဦးမှာ ရေနံချောင်းမြို့၊
ညောင်လှတောကျောင်းရပ်နေသူများဖြစ်သည့် သူဇာထွေး(ခ) ဂျူးဂျူး(၂၃)နှစ်
နှင့်ခိုင်ထူးနောင်(ခ)နောင်နောင်(၃၂)နှစ်တို့ဖြစ်ကြောင်းသိရှိရသဖြင့်
ရေနံချောင်းမြို့မရဲစခန်း (ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၂၀ ဖြင့်
အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
from ရဲဇာနည်
No comments:
Post a Comment