iMore, TechCrunch, 9to5Mac, AllThingsD အစရှိတဲ့ Apple နဲ့ ပက်သက်သော
သတင်း များကို ဖော်ပြလျက် ရှိတဲ့ နာမည်ကြီး ဝဘ်ဆိုဒ် များရဲ
့ထုတ်ပြန်ချက်ပါ။
...
Apple မှ ရွှေနဲ့လုပ်တဲ့ iPhone ထုတ်လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။ Apple ကတော့ Officially ပြောဆိုထားခြင်း မရှိပါဘူး။ သို့ပေမယ့် ရွှေ က ဘယ်လိုအစိတ်အပိုင်းမှာ ပါမယ်ဆိုတာကအစ ရေး သားဖော်ပြ နေကြပြီ ဖြစ် ပါတယ်။ နောက်ကာဗာ နဲ့ ရှေ့ မျက်နှာပြင်ဘေးသားတို့မှာ ရွှေလောင်း ထားတဲ့ Casing ကိုအသုံးပြု ပြီး အဖြူရောင် အလူမီနီယံနဲ့ ပေါင်းစပ်တွေ့မြင် ရမှာ ဖြစ်ပါတယ်။ နောက်ဆုံး ထွက်မယ့် iPhone 5S မှာမှ တူမတူတောင် Luxury Brand ကိုမှ ကိုင်ချင် သူများအတွက် ရည်ရွယ်ကြောင်း ဆိုပါတယ်။
Apple ကိုယ်တိုင် ရွှေနဲ့ လုပ်ပေးမယ့် ဖုန်းဆိုတော့ အားလုံး စိတ်ဝင်စား နေကြ ပါတယ်။ သတင်းမီဒီယာတို့ ပြောဆိုပေမယ့် Apple က မကြေညာသေးပါဘူး။ လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့ နောက်ဆုံး ထွက် iPhone 5S ကြေညာမှုမှာ ပါနိုင်ချေ ရှိကြောင်း သိရပါတယ်။
from KDN

No comments:
Post a Comment