Tuesday, August 20, 2013

ဒီချုပ် ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားကျင်းပရေး ပဏာမအစည်းအဝေး ကျင်းပ

လာမည့် စက်တင်ဘာ (၂၇) ရက်နေ့တွင် ကျရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
(၂၅)နှစ်ပြည့် ငွေရတုအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ပဏာမအစည်းအဝေးကိုယနေ့ ကျ...င်းပကြောင်းNld Centralမှသိရသည်။
ပဏာမအစည်းအဝေးတွင် အဖွဲ့ချုပ် နာယကကြီးများ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ သတင်းနှင့်ပြန်ကြားရေး
အဖွဲ့ဝင်များ၊ ဘဏ္ဍာရေးမှူးများ၊ အခမ်းအနားဖြစ်မြောက်ရေးကော်မတီဝင်များနှင့် လူငယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး
အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
နာယကကြီး ဦးတင်ဦးက အဖွဲ့ချုပ်၏ ငွေရတုအခမ်းအနားအား ဗဟိုအဖွဲ့ချုပ်ရုံးတွင်သာမက ပြည်နယ်/တိုင်း၊ မြို့နယ်များအနေဖြင့်လည်း
မိမိတို့ဒေသအလိုက်အစီအစဉ်များဖြင့် ကျင်းပကြရန်လည်း တိုက်တွန်းခဲ့သည်။
ဗဟိုအလုပ်မှုဆောင်များကလည်း (၂၅)နှစ်ပြည့် ငွေရတုအခမ်းအနားကြေညာချက်တွင်
အဖွဲ့ချုပ် သက်တမ်း တလျှောက် အပြောင်းအလဲများ၊ လှုပ်ရှားဆောင်ရွက်ခဲ့ပုံများအား
ထည့်သွင်းရန် အကြံပေးဆွေးနွေးခဲ့ပြီး အဖွဲ့ချုပ်လူငယ်များကလည်း ငွေရတုအခမ်းအနားနေ့တွင်
အထိမ်းအမှတ်စာစောင်များ ဖြန့်ဝေ၍ ကူညီကြမည်ဖြစ်ကြောင်းနှင့် အခမ်းအနား စီစဉ်ရေး၊
ဧည့်ခံကျွေးမွေးရေး နှင့် ဖိတ်ကြားရေးများအား အလေးအနက် ဆွေးနွေးခဲ့ကြသည်။

from Nld Central

No comments:

Post a Comment