Tuesday, August 20, 2013

ကြည့်မြင်တိုင်မြို့နယ်၌ သစ်ကိုင်းပဲ့ကျသဖြင့် လူ(၂)ဦးဒဏ်ရာရ ဓါတ်တိုင်များပျက်စီး

ယနေ့ ညနေ ၁၇၂၀ အချိန်ကကြည့်မြင်တိုင်မြို့နယ်၊
အိုးဘိုရပ်ကွက်၊ ဗိုလ်သူရလမ်း၊ မြို့နယ်စာတိုက်ရှေ့ရှိ သက်တမ်းရင့် ကုက္ကိုပင်ကြီးမှ လမ်းမပေါ်သို့ထ...ွက်နေသည့် လုံးပတ်(၂)ပေ ခန့်ရှိ သစ်ကိုင်းပဲ့ကျခဲ့ရာ လမ်းဘေးတွင်သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများ ပေါ်သို့ကျခဲ့သဖြင့် ကွန်ကရစ်ဓါတ်တိုင်(၆)တိုင်နှင့် ၎င်းဓါတ်တိုင်များသို့ သွယ်တန်းထားသော အိုးဘိုရပ်ကွက်ရှိ ထရန်စဖော်မာ(၁)လုံးပြိုလဲခဲ့ပါသည်။
ထို့အပြင် အပင်အောက်တွင် ရပ်ထားသော ၃ဃ/----- ချယ်ရီဝက်ဂွန် အငှားယာဉ်ပေါ်သို့ကျခဲ့သဖြင့် ယာဉ်အမိုးအနည်းငယ်ပိန်ချိုင့်ပျက်စီးခဲ့ပြီး ၎င်းနေရာအနီးတွင် ထီရောင်းချနေသော ကြည့်မြင်တိုင်မြို့ နယ်နေသူများ
ဖြစ်သည့် ဦးမြင့်စိုး(ဘ)ဦးသောင်းစိန် နှင့် ၎င်း၏သမီးဖြစ်သူ မယွန်းပိုးအိတို့(၂)ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့၍ ရန်ကုန်အနောက်ပိုင်း
ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရပါသည်။
သစ်ကိုင်းပဲ့ကျမှုကြောင့် စုစုပေါင်းတန်ဘိုးငွေကျပ်(၂၆)သိန်းခန့်ပျက်စီး
ဆုံးရှုံးခဲ့ကြောင်းနှင့်အဆိုပါ နေရာသို့ ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်
တပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာအဖွဲ့၊ မြို့နယ်လျှပ်စစ်မှ
တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိ ဖယ်ရှားရှင်းလင်းလျက် ပြန်လည်ပြုပြင်ရေးများဆောင်ရွက်လျက်ရှိကြောင်း Yangon Policeမှသတင်းရရှိပါသည်။

from Yangon Police

No comments:

Post a Comment