ရေနက်ဆိပ်ကမ်း အပါအ၀င် အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းအတွက် ထိုင်းကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းနေ
ပင်လယ်ရေနက်ဆိပ်ကမ်း ပြုလုပ်မည့် ချောင်းသာဒေသရှိ
ကမ်းခြေအား တွေ့ရစဉ်
ရေနက်ဆိပ်ကမ်း အပါအ၀င် အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလျံရှိသော
ရင်းနှီးမြှုပ်နှံမှုအား ထိုင်းနိုင်ငံ PTTE ကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီး
အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး
အစိုးရအဖွဲ့မှ အလုပ်သမား ၀န်ကြီးဌာနနှင့် စည်ပင်သာယာရေးဝန်ကြီး ဌာန၀န်ကြီး
ဦးကျော်ဝင်းနိုင်ထံမှ သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး၌ ထိုင်းနိုင်ငံ PTTE ကုမ္ပဏီ
အနေဖြင့် အေမရာအေးရှား ကုမ္ပဏီအနေဖြင့် လုပ်ကိုင်သွားဖြစ်ကြောင်းနှင့်
ပရောဂျက်အမည်အား စူပါမြန်မာအိတ်(စ်) ဇစ်အမည်ဖြင့် ပြုလုပ်သွားမည်ဟု
ဝန်ကြီးဦးကျော်ဝင်းနိုင်၏ ပြောကြားချက်အရ သိရသည်။...
ယင်းစီမံကိန်းမှာ ၁၅ နှစ်တာကာလ ကြာမြင့်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလျံ
ရင်းနှီးမြှုပ်နှံမှုများ ရှိသွားမည်ဖြစ်ကြောင်း လက်ရှိတွင် MIC အား
တင်ပြထားပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ဝန်ကြီးဦးကျော်ဝင်းနိုင်က "ကျွန်တော်တို့
အစိုးရအဖွဲ့နဲ့ ဆောင်ရွက်နေပါတယ်။ ၁၅ နှစ်တာ စီမံကိန်းမှာ အမေရိကန် ၅ ဒသမ ၅
ဘီလျံထိ ရှိမှာဖြစ်ပါတယ်" ဟု ပြောကြားသည်။
ယင်းစူပါမြန်မာအိတ် (စ်)ဇစ် ပရောဂျက် စီမံကိန်းအတွင်း
တန်ချိန်သိန်းနှင့်ချီ ဆိုက်ကပ်နိုင်မည်ဖြစ်သော ငွေဆောင်-ချောင်းသာ
ပင်လယ်ရေနက်ဆိပ်ကမ်း၊ ပုသိမ်-၀ါးခယ်မတွင် စက်မှုဇုန်သုံးဇုန်၊ မဂ္ဂါဝပ် ၇၀၀ ရှိ
ဓာတ်အားပေးလေးရုံနှင့် ပုသိမ်-ရန်ကုန် (ကားလမ်း၊ ရထားလမ်း)အမြန်လမ်း စီမံကိန်းများ
ပါဝင်မည်ဖြစ်ကြောင်း ၀န်ကြီးဦးကျော်ဝင်းနိုင်က ဆက်လက်ပြောကြားသည်။
ယင်းအပြင် ဧရာဝတီတိုင်း ဒေသကြီးအတွင်း
စင်ကာပူနိုင်ငံမှလည်း ရင်းနှီးမြှုပ်နှံရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်
ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။
ရေလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကို
အားထားရသော ဧရာဝတီတိုင်း ဒေသကြီးတွင် လူဦးရေရှစ်သန်းကျော် ရှိသည့်အနက် ၁၅
သိန်းကျော်သာ မြို့ပြများတွင် နေထိုင်နိုင်သေးကြောင်း၊ အလုပ်လုပ်ကိုင်သူ အရေအတွက်
အားဖြင့်လည်း ၂၀၁၂ ခုနှစ် တွက်ချက်ခန့်မှန်းမှုအရ လေးသိန်းခွဲခန့်သာ ရှိနေကြောင်း
သိရသည်။
from news-eleven.com
No comments:
Post a Comment