ချစ်သူနှင့်အတူ တစ်ပြည်တစ်ရွာ လိုက်လာခဲ့သည့် မလေးရှား နိုင်ငံသူ တရားမဝင်မှုဖြင့် အရေးယူ ခံရ
ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့ မြို့မ ရဲစခန်း တောင်ဘက် သုံးမိုင်ခန့်
ညောင်ကားယား ကျေးရွာအုပ်စု သင်္ကန်းမြောင်ရွာတွင် မလေးရှား နိုင်ငံသူ တစ်ဦး
တရားမဝင် ရောက်ရှိနေကြောင်း သြဂုတ် ၆ ရက် မွန်းလွဲ ၂ နာရီခွဲက
သတင်းပေးပို့ချက် အရ ဖြူးမြို့မ ရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် သတင်း
ရရှိသည့်သင်္ကန်းမြောင် ကျေး ရွာနေ နေဇာအောင် ၃ဝ နှစ် (ဘ) ဦးဝင်းအောင်
နေအိမ်ကို ဝင်ရောက် စစ်ဆေးရာ နေဇာအောင်မှာ မလေးရှား နိုင်ငံ
ဘလက်ကောင်းမြို့ စဥ့်ကိုင်လောင်ရပ်ကွက် SKY စားသောက်ဆိုင်မှ မလေးရှား
နိုင်ငံသူ မအရန်း (Ayang) ၃၂ နှစ် (ဘ) Mr.Bustamj နှင့်အတူ စစ်ဆေး
တွေ့ရှိခဲ့သည်။
...
၎င်းတို့ နှစ်ဦးအား ဖြူးမြို့မ ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးခဲ့ရာ နေဇာအောင် သည်
မလေးရှား နိုင်ငံသို့တရားမဝင် ထွက်ခွာသွားပြီး မြန်မာနိုင်ငံသို့ တရားမဝင်
ပြန်လည် ဝင်ရောက်လာစဉ် မလေးသူအား နိုင်ငံကူးလက် မှတ် ဗီဇာ အထောက်အထား
မပါရှိဘဲ ခေါ်ဆောင် လာပြီး ဇူလိုင် ၁၅ ရက် မွန်းတည့် ၁၂ နာရီတွင်
သင်္ကန်းမြောင် ရွာသို့ ရောက်ရှိ နေထိုင်ခဲ့ကြောင်း စစ်ဆေး သိရှိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ နေဇာအောင်အား (ပ) ၃ဝ၂/၁၃ ၊ လဝက ဥပဒေပုဒ်မ ၃(၂)/ ၁၃
(ခ)/၁၃(၅) (တရားမဝင် နိုင်ငံခြားသို့ ထွက်ခွာ၍ တရားမဝင် ပြန်လည်
ဝင်ရောက်ပြီး နိုင်ငံခြားသူအား ခေါ်ဆောင်လာမှု)နှင့် မအရန်းအား
(ပ)၃(၂)/၁၃(ခ)/၁၃ (၅) (တရားမဝင်နိုင်ငံသို့ ဝင်ရောက်မှု) တို့ဖြင့်
ဖြူးမြို့မ ရဲစခန်းမှ အရေးယူ စစ်ဆေးလျက် ရှိကြောင်း သိရသည်။
from မြ၀တီ
No comments:
Post a Comment