အခြေခံဥပဒေ ပြင်ဆင်ရေး နာဇီလုပ်ဆောင်ချက် အတုယူသင့်ဟု ဂျပန်ဒုတိယဝန်ကြီးချုပ်ဆို
ဂျပန် အခြေခံဥပဒေ ပြင်ဆင်ရေးတွင် နာဇီဂျာမနီတို့ ဒုတိယကမ္ဘာစစ်
မတိုင်ခင်ကာလ ပြုလုပ်ခဲ့သည်များကို လေ့လာအတုယူ သင့်သည်ဟု
ဂျပန်ဒုတိယဝန်ကြီးချုပ် တာရီအာဆိုက မှတ်ချက်ပေး ပြောကြား သွားကြောင်း CNA
သတင်းတွင် ဖော်ပြထားသည်။
...
ဂျပန်အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ မှ ဝေဖန် မှုများ
ကျယ်ကျယ်လောင်လောင် ဖြစ်ပေါ်နေခြင်းကြောင့် ဂျာမနီ အခြေခံ ဥပဒေ ကို
နာဇီတို့ တိတ်တဆိတ် ပြင်ဆင်ခဲ့သည့် နည်းဗျုဟာများကို အတုယူသင့်ကြောင်း
တာရီအာဆိုက ပြီးခဲ့သည့် တနင်္လာနေ့ က ပြောကြား သွားသည်။
“ဂျာမနီ
ဝိုင်မာ အခြေခံဥပဒေကို နာဇီ အခြေခံဥပဒေအဖြစ် လူမသိ သူမသိ ပြောင်းလဲခဲ့တယ်။
အဲဒီနည်းဗျုဟာကို ကျွန်တော်တို့ လေ့လာ အတုယူသင့်တယ်” ဟု အာဆိုက
ပြောကြားသွားသည်။
ဂျပန် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်လျှင်
မီဒီယာများက အပြင်း အထန် ဝေဖန်ကန့်ကွက်လေ့ရှိပြီး တရုတ်နှင့်
တောင်ကိုရီးယားနိုင်ငံ များက မီဒီယာများ၏ လမ်းကြောင်းအတိုင်း လိုက်လာလေ့
ရှိကြောင်း ဒုတိယဝန် ကြီးချုပ်က ပြောကြားသွားသည်။
ယင်းကဲ့သို့သော
မှတ်ချက်ပေး ပြောကြားချက်ကို တရုတ်နှင့် တောင် ကိုရီးယားနိုင်ငံတို့က
အပြင်းအထန် စိတ်ဆိုး ဒေါသထွက်ကြပြီး အမေရိကန် အခြေစိုက် ဂျူးလူ့အခွင့်အရေး
အုပ်စုများကလည်း ဝေဖန်ပြစ်တင်ထားသည်။
နာဇီအတုယူရေး
မှတ်ချက်ကြောင့် ဒုတိယဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ပေး ရန် လက်ဝဲနွယ်သော
ဂျပန်အတိုက်အခံများက တောင်းဆိုသော်လည်း အာဆိုက ငြင်းပယ်ထားသည်။
ဟစ်တလာကို လေးစားအားကျခြင်း မဟုတ်ဘဲ အခြေခံဥပဒေ ပြင်ဆင်ရေး ရာတွင်
အိမ်နီးချင်းနိုင်ငံများ၏ ရန်လိုမှုများ၊ မီဒီယာများ၏ ဝေဖန်မှုများ
လွှမ်းမိုးမခံရစေရန် ရည်ရွယ်ပြောကြားခြင်း ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်
အာဆိုက ပြန်လည် ဖြေရှင်းထားသည်။
ဖက်ဆစ်ဂျပန်နှင့် နာဇီ ဂျာမနီနိုင်ငံများသည် ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်ဖွဲ့ ပူးပေါင်းခဲ့သော နိုင်ငံများ ဖြစ်သည်။
ဒုတိယကမ္ဘာစစ်အပြီး ကာလ၌ အမေရိကန်နိုင်ငံ ဦးဆောင် ရေးဆွဲပေး ထားသော
ဂျပန်နိုင်ငံ၏ စစ်ဝါဒ ဆန့်ကျင်ရေး အခြေခံဥပဒေ ကို ပြန် လည် ပြင်ဆင်ရန်
ဝန်ကြီးချုပ် အာဘေး ဦးဆောင်သော ဂျပန် ဒီမိုကရက် တစ်ပါတီက
ကြိုးပမ်းနေခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများတွင် စိုးရိမ်စိတ်များ
ပေါ်ပေါက်နေသည်။
ဂျပန် ဒုတိယဝန်ကြီးချုပ် အာဆိုသည် ၎င်း၏ မပြေပြစ်သော
မှတ်ချက် စကားများကြောင့် လူသိများ ထင်ရှားနေပြီး ၂၀၁၂ ခုနစ်တွင်းကလည်း
ကျန်းမာရေး စောင့်ရှောက်စရိတ် အကုန်အကျ နည်းစေရန် သက်ကြီး ရွယ်အိုများ
မြန်မြန်သေသင့်ကြောင်း ပြောကြားခဲ့သည်။
from The Voice Weekly
No comments:
Post a Comment