၂၀၁၅ ရွေးကောက်ပွဲနှင့် ရခိုင် အနာဂတ် နိုင်ငံရေး ဆွေးနွေးပွဲများလုပ်မည်
ရခိုင်တိုင်းရင်းသားများကို ဒီမိုကရေစီ အလေ့အထများနှင့်
ရင်းနှီးလာရန်နှင့် နိုင်ငံရေးကို စိတ်ပါဝင်စားလာရန် ရည်ရွယ်၍ ၂၀၁၅
ရွေးကောက်ပွဲနှင့် ရခိုင် နိုင်ငံရေး အနာဂတ် ဆွေးနွေးပွဲ (Panel
Dissussion) များ ပြုလုပ်သွားမည် ဖြစ်ကြောင်းကို ယင်းပွဲဖြစ်မြောက်ရေး
စီစဉ်သည့် Scholar Insitute မှ ဦးအောင်နေမင်းက ပြောကြားသည်။
...
တော်ဝင်နှင်းဆီခန်းမတွင် သြဂုတ် ၃ ရက်နေ့က ပြုလုပ်သည့် ၂၀၁၅
ရွေးကောက်ပွဲနှင့် ရခိုင်နိုင်ငံရေး အနာဂတ် ဆွေးနွေးပွဲ (Panel
Dissussion) တွင် ရခိုင်နိုင်ငံရေး ဆွေးနွေးပွဲများကို နှစ်လ တစ်ကြိမ်ခန့်
ပြုလုပ်သွားနိုင်ရန် စီစဉ်နေပြီး ရခိုင်အမျိုးသား ကွန်ရက်နှင့် Scholar
Insitute တို့မှ ပူးပေါင်း စီစဉ်သွားမည် ဖြစ်ကြောင်းကို ၎င်းကပြောကြားခဲ့သည်။
ယခုပြုလုပ်ခဲ့သော ၂၀၁၅ ရွေးကောက်ပွဲနှင့် ရခိုင် နိုင်ငံရေးအနာဂတ်
ဆွေးနွေးပွဲ (Panel Dissussion) တွင် ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော၊ ရခိုင်သားကြီးစာပေမှ
ဦးဦးလှမြင့်၊ ရိုက်တာသတင်းဌာန မြန်မာပြည်ဌာနေ ကိုယ်စားလှယ်
ဦးအောင်လှထွန်း၊ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်၊ Scholar
InsituerS မှ ဦးအောင်နေမင်း၊ Youth Legal Clinc အဖွဲ့ ဒါရိုက်တာ
ဒေါ်လှလှရီတို့က ရခိုင်နိုင်ငံရေး လှုပ်ရှားမှုအကြောင်း၊ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြင်ရန်အကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီ၊
ရခိုင်တိုင်းရင်းသားများ၏ အနာဂတ် စိန်ခေါ်မှုများ အကြောင်းကို
ဆွေးနွေးခဲ့ကြသည်။
from ANN
No comments:
Post a Comment