အထည်ချုပ် လုပ်သား ၃၄ ဦး အလုပ်ထုတ်ခံရမှု ခုံသမာဓိဖွဲ့ စစ်ဆေးမည်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ် စက်မှုဇုန်ရှိ Delta Industrial Group မှ
အထည်ချုပ် အလုပ်သမား ၃၄ ဦး ခွင့်မဲ့ ပျက်ကွက်၍ သြဂုတ်လ ၈ ရက်နေ့ တွင်
စက်ရုံဝန်ထမ်း အဖြစ်မှ ထုတ်ပယ်လိုက်ခြင်းကို ခုံသမာဓိ ဖွဲ့၍ စစ်ဆေးမည်
ဖြစ်ကြောင်း ပုသိမ်မြို့နယ် အလုပ်သမား ညွှန်ကြားရေး ဦးစီး ဌာနထံမှ သိရသည်။
အဆိုပါ အလုပ်သမားများသည် သြဂုတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် အလုပ်
နှစ်ရက် ပျက်ကွက်ခဲ့ခြင်းကြောင့် တစ်ဦးလျှင် ထောက်ပံ့ကြေး ကျပ်
ငါးသောင်းစီ ပေး၍ ကုမ္ပဏီက အလုပ် ထုတ်ခဲ့ခြင်းအတွက် အလုပ်ရှင်နှင့်
အလုပ်သမားအကြား အငြင်းပွားမှု ဖြစ်ပွားနေခြင်းကို ခုံသမာဓိက စစ်ဆေး
ဆုံးဖြတ်မည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလုပ်ထုတ်မှုနှင့် ပတ်သက်၍ မြို့နယ် ညှိနှိုင်းရေး အဖွဲ့က သြဂုတ်လ ၁၆
ရက်နေ့တွင် နှစ်ဖက် တွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရရှိ၍
အလုပ်သမား ညှိနှိုင်းရေး အဖွဲ့က ခုံသမာဓိ အဖွဲ့သို့ ဆက်လက် တင်ပြ
ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက
ဆိုသည်။
အလုပ်သမား ၃၄ ဦး ခွင့်မဲ့ ပျက်ကွက်ခြင်းကြောင့်
စက်ရုံတွင် နစ်နာမှု များ ဖြစ်ပေါ်သည့်အတွက် သြဂုတ်လ ၈ ရက်နေ့တွင် အလုပ်မှ
ထုတ်ပယ် လိုက်ပြီး အလုပ်သမားများ အနေနှင့် အသစ် ပြန်လည် လျှောက်ထားပါက
စိစစ် လက်ခံမည် ဖြစ်ကြောင်း စက်ရုံ အထွေထွေမန်နေဂျာ ဒေါ်ဥမ္မာကြည် က
ပြောကြားထားသည်။
from The Voice Weekly
No comments:
Post a Comment